Connect with us

Hi, what are you looking for?

News

ကိုဂျင်မီ ရိုက်နှက်စစ်​ဆေးမှု​ဒဏ်ကြောင့် မင်္ဂလာဒုံစစ်​ဆေးရုံ၌ ​ဆေးကုသမှုခံယူ​နေရ

“ကိုဂျင်မီဟာ ဖမ်းဆီးခံရစဉ် ဒဏ်ရာပြင်းထန်စွာ ရရှိတဲ့ အတွက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ အခုလက်ရှိ
ဆေးကုသမှု ခံယူနေရတယ်လို့ စုံစမ်းသိရပါတယ်” ဟု ​ရေးသားထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်​သော ကိုဂျင်မီအား စစ်ကောင်စီကဖမ်းဆီးပြီး​နောက် စစ်​ဆေး​နေစဥ် ဒဏ်ရာရရှိ၍ မဂ်လာဒုံစစ်​ဆေးရုံ၌ တက်​ရောက်ကုသမှုခံယူ​နေရ​ကြောင်း ၎င်း၏ အမျိုးသမီးမနီလာသိန်းက ယ​နေ့(​အောက်တိုဘာ၂၄)ညတွင် လူမှုကွန်ရက်မှတစ်ဆင့် အသိ​ပေးထားသည်။

“ကိုဂျင်မီဟာ ဖမ်းဆီးခံရစဉ် ဒဏ်ရာပြင်းထန်စွာ ရရှိတဲ့ အတွက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ အခုလက်ရှိ
ဆေးကုသမှု ခံယူနေရတယ်လို့ စုံစမ်းသိရပါတယ်” ဟု ​ရေးသားထားသည်။

ကိုဂျင်မီအား ရိုက်နှက်စစ်​ဆေးမှုဒဏ်​ကြောင့် ဖမ်းဆီးပြီး​နောက် ၂၄နာရီအတွင်း ​ဆေးကုသမှုခံယူရခြင်းဖြစ် သည်။

ကိုဂျင်မီကို အောက်တိုဘာလ ၂၃ ရက်ညပိုင်းမြောက်ဒဂုံမြို့နယ်၌ အကြမ်းဖက်စစ်​ကောင်စီအဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအနက် အလိုရှိသူများ၏ စာရင်းကို လိုက်လံကပ်ထားရာမှာ အဆိုပါစာရင်းထဲတွင် ကိုဂျင်မီလည်းပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးသမား ရာဇဝတ်အကျဉ်းသား ပြူးကြီးဆိုသူက ရိုက်နှင် ညှင်းပန်းတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) က သြဂုတ် ၅ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

သပိတ်​​ခေါင်း​ဆောင် ကို​ဝေမိုးနိုင်လည်းရိုက်နှက်ခံရလို့ မျက်ခုံးကွဲဲ