၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဂျင်မီအား စစ်ကောင်စီကဖမ်းဆီးပြီးနောက် စစ်ဆေးနေစဥ် ဒဏ်ရာရရှိ၍ မဂ်လာဒုံစစ်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေရကြောင်း ၎င်း၏ အမျိုးသမီးမနီလာသိန်းက ယနေ့(အောက်တိုဘာ၂၄)ညတွင် လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
“ကိုဂျင်မီဟာ ဖမ်းဆီးခံရစဉ် ဒဏ်ရာပြင်းထန်စွာ ရရှိတဲ့ အတွက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ အခုလက်ရှိ
ဆေးကုသမှု ခံယူနေရတယ်လို့ စုံစမ်းသိရပါတယ်” ဟု ရေးသားထားသည်။
ကိုဂျင်မီအား ရိုက်နှက်စစ်ဆေးမှုဒဏ်ကြောင့် ဖမ်းဆီးပြီးနောက် ၂၄နာရီအတွင်း ဆေးကုသမှုခံယူရခြင်းဖြစ် သည်။
ကိုဂျင်မီကို အောက်တိုဘာလ ၂၃ ရက်ညပိုင်းမြောက်ဒဂုံမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအနက် အလိုရှိသူများ၏ စာရင်းကို လိုက်လံကပ်ထားရာမှာ အဆိုပါစာရင်းထဲတွင် ကိုဂျင်မီလည်းပါဝင်ခဲ့သည်။

Public Service Announcement
