Connect with us

Hi, what are you looking for?

News

ကရင်ပြည်နယ်နေ့ပွဲတော် တစ်မြို့နယ်တစ်ဒုံးထွက်ဖို့ စစ်ကောင်စီညွှန်ကြားထား

ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးအဖွဲ့တွေ သွားရောက်ကပြဖို့ရှိနေပြီး အဲ့ဒီဒုံးအဖွဲ့တွေမှာ ကဖို့ လူငယ်ဒုံးသမားတွေကို ဒုံးဆရာနဲ့ ရွာအုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ယူပြီး လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်နေ့ပွဲတော်ကို ပြည်နယ်စစ်ကောင်စီက သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တစ်မြို့နယ်ကို ဒုံးတစ်ဒုံးစီ ထွက်ရမယ်လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လာမယ့်လ နိုဝင်ဘာ ၇ ရက်မှာ ကျရောက်မယ့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် သုံးညကို ပြည်နယ်စစ်ကောင်စီက ဘားအံမြို့ သီရိကွင်းမှာ ညရှစ်နာရီအချိန်အထိ ကျင်းပသွားမှာပါ။

“တစ်မြို့နယ်ကို ဒုံးတစ်ဒုံးစီ ထွက်ရမယ်။ လက်ရှိကြားရသလောက်တော့ ဒုံးအဖွဲ့ကိုးဖွဲ့ ကမယ်ကြားရတယ်။ တစ်ညကို သုံးဖွဲ့စီပေါ့” လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေက ပြောကြပါတယ်။

ဒ့ါအပြင် ပွဲတော်မတိုင်ခင်နဲ့ ပွဲတော်ကာလတွေအတွင်းမှာ မြို့အဝင်အထွက်နေရာတွေအပြင် ပွဲတော်အတွင်းအထိ လုံခြုံရေး တင်းကြပ်သွားမယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးအဖွဲ့တွေ သွားရောက်ကပြဖို့ရှိနေပြီး အဲ့ဒီဒုံးအဖွဲ့တွေမှာ ကဖို့ လူငယ်ဒုံးသမားတွေကို ဒုံးဆရာနဲ့ ရွာအုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ယူပြီး လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် လူငယ်တွေအများစုကတော့ ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကမှာမဟုတ်တဲ့အပြင် လူငယ်တွေရဲ့ မိဘတွေကလည်း လုံခြုံရေးအခြေအနေကြောင့် ပွဲတော်မှာ ဒုံးသွားကဖို့ မလွှတ်ရဲဘူးလို့လည်း ကြားသိရပါတယ်။

ကရင်ပြည်နယ်နေ့ပွဲတော်ကို ဒုံးအကအပြင် လက်ဝှေ့နဲ့ ပြခန်းတွေပါ ထည့်သွင်းပြုလုပ်သွားမှာဖြစ်ပြီး ပြည်နယ်နေ့အခမ်းအနားဖွင့်ပွဲကို ကိုဗစ်စည်းကမ်းနဲ့ ဖွင့်လှစ်သွားမယ်လို့ ပြည်နယ်စစ်ကောင်စီက အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။