Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်ပြည်နယ်နေ့ပွဲတော် တစ်မြို့နယ်တစ်ဒုံးထွက်ဖို့ စစ်ကောင်စီညွှန်ကြားထား

ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးအဖွဲ့တွေ သွားရောက်ကပြဖို့ရှိနေပြီး အဲ့ဒီဒုံးအဖွဲ့တွေမှာ ကဖို့ လူငယ်ဒုံးသမားတွေကို ဒုံးဆရာနဲ့ ရွာအုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ယူပြီး လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်နေ့ပွဲတော်ကို ပြည်နယ်စစ်ကောင်စီက သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တစ်မြို့နယ်ကို ဒုံးတစ်ဒုံးစီ ထွက်ရမယ်လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လာမယ့်လ နိုဝင်ဘာ ၇ ရက်မှာ ကျရောက်မယ့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် သုံးညကို ပြည်နယ်စစ်ကောင်စီက ဘားအံမြို့ သီရိကွင်းမှာ ညရှစ်နာရီအချိန်အထိ ကျင်းပသွားမှာပါ။

“တစ်မြို့နယ်ကို ဒုံးတစ်ဒုံးစီ ထွက်ရမယ်။ လက်ရှိကြားရသလောက်တော့ ဒုံးအဖွဲ့ကိုးဖွဲ့ ကမယ်ကြားရတယ်။ တစ်ညကို သုံးဖွဲ့စီပေါ့” လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေက ပြောကြပါတယ်။

ဒ့ါအပြင် ပွဲတော်မတိုင်ခင်နဲ့ ပွဲတော်ကာလတွေအတွင်းမှာ မြို့အဝင်အထွက်နေရာတွေအပြင် ပွဲတော်အတွင်းအထိ လုံခြုံရေး တင်းကြပ်သွားမယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးအဖွဲ့တွေ သွားရောက်ကပြဖို့ရှိနေပြီး အဲ့ဒီဒုံးအဖွဲ့တွေမှာ ကဖို့ လူငယ်ဒုံးသမားတွေကို ဒုံးဆရာနဲ့ ရွာအုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ယူပြီး လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် လူငယ်တွေအများစုကတော့ ပြည်နယ်နေ့ပွဲတော်မှာ ဒုံးကမှာမဟုတ်တဲ့အပြင် လူငယ်တွေရဲ့ မိဘတွေကလည်း လုံခြုံရေးအခြေအနေကြောင့် ပွဲတော်မှာ ဒုံးသွားကဖို့ မလွှတ်ရဲဘူးလို့လည်း ကြားသိရပါတယ်။

ကရင်ပြည်နယ်နေ့ပွဲတော်ကို ဒုံးအကအပြင် လက်ဝှေ့နဲ့ ပြခန်းတွေပါ ထည့်သွင်းပြုလုပ်သွားမှာဖြစ်ပြီး ပြည်နယ်နေ့အခမ်းအနားဖွင့်ပွဲကို ကိုဗစ်စည်းကမ်းနဲ့ ဖွင့်လှစ်သွားမယ်လို့ ပြည်နယ်စစ်ကောင်စီက အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။