၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို စစ်ကောင်စီကဖမ်းဆီးရာမှာ အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးတာကြောင့် ဖမ်းဆီးချိန်အတွင်း ဦးခေါင်းမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ထိခိုက်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။
ကိုဂျင်မီနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေအားလုံးဟာ မတရားဖမ်းဆီးခဲ့တဲ့ စစ်အုပ်စုမှာ တာဝန်အပြည့်အဝရှိပြီး တာဝန်ယူ၊ တာဝန်ခံရမယ်လို့ AAPP က ဆိုထားပါတယ်။
ဒါအပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီးခံထားသူတွေကို စစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ကာကွယ်ပေးဖို့နဲ့ လွတ်မြောက်ဖို့အတွက် အားထုတ်ဆောင်ရွက်ပေးဖို့ AAPP က မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။
ကိုဂျင်မီကိုအောက်တိုဘာလ ၂၃ ရက် ညပိုင်းက မြောက်ဒဂုံမှာ ဖမ်းဆီးသွားတာပါ။

Public Service Announcement
ကိုဂျင်မီရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေပြီး ဖမ်းဆီးမှုနောက်ပိုင်းဖြစ်ပေါ်လာတာတွေကို စစ်ကောင်စီတာဝန်ယူရမယ်လို့ ဇနီးဖြစ်သူ မနီလာသိန်းက ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။
လက်ရှိမှာတော့ ကိုဂျင်မီကို မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသပေးနေတယ်လိုသိရပါတယ်။
















































