Connect with us

Hi, what are you looking for?

News

ကိုဂျင်မီကို ဖမ်းဆီးရာမှာ အင်အားအများအပြားနဲ့ အကြမ်းဖက်တာကြောင့် ဦးခေါင်းမှာ စိုးရိမ်ရတဲ့ ဒဏ်ရာရသွား

ဒါအပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီးခံထားသူတွေကို စစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ကာကွယ်ပေးဖို့နဲ့ လွတ်မြောက်ဖို့အတွက် အားထုတ်ဆောင်ရွက်ပေးဖို့ AAPP က မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို စစ်ကောင်စီကဖမ်းဆီးရာမှာ အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးတာကြောင့် ဖမ်းဆီးချိန်အတွင်း ဦးခေါင်းမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ထိခိုက်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။

ကိုဂျင်မီနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေအားလုံးဟာ မတရားဖမ်းဆီးခဲ့တဲ့ စစ်အုပ်စုမှာ တာဝန်အပြည့်အဝရှိပြီး တာဝန်ယူ၊ တာဝန်ခံရမယ်လို့ AAPP က ဆိုထားပါတယ်။

ဒါအပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီးခံထားသူတွေကို စစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ကာကွယ်ပေးဖို့နဲ့ လွတ်မြောက်ဖို့အတွက် အားထုတ်ဆောင်ရွက်ပေးဖို့ AAPP က မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။

ကိုဂျင်မီကိုအောက်တိုဘာလ ၂၃ ရက် ညပိုင်းက မြောက်ဒဂုံမှာ ဖမ်းဆီးသွားတာပါ။

Public Service Announcement

Public Service Announcement

ကိုဂျင်မီရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေပြီး ဖမ်းဆီးမှုနောက်ပိုင်းဖြစ်ပေါ်လာတာတွေကို စစ်ကောင်စီတာဝန်ယူရမယ်လို့ ဇနီးဖြစ်သူ မနီလာသိန်းက ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

လက်ရှိမှာတော့ ကိုဂျင်မီကို မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသပေးနေတယ်လိုသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။