Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ပဲခူးနှင့်တောင်ငူမြို့တို့တွင် CCTVတပ်ရန် စီစဥ်

“ဒီစနစ်မှာ ဘာတွေပါမလဲ အသေးစိပ်တော့ မသိသေးဘူး၊ လူတွေရဲ့မျက်နှာကို ဖတ်ပြီး ခြေရာခံနိုင်တဲ့ စနစ်တွေ၊ တမြို့လုံးကို လွှမ်းခြုံနိုင်တဲ့ စောင့်ကြည့်ရေးစနစ်တွေဖြစ်လာနိုင်တယ်”ဟု ၎င်းက သုံးသပ်သည်။

အာဏာသိမ်းစစ်ကောင်စီက ပဲခူးမြို့နှင့်တောင်ငူမြို့များတွင် တစ်မြို့လုံးလွှမ်းခြုံနိုင်မည့် CCTV ကင်မရာများ စနစ်တပ်ဆင်ရန် စီစဉ်နေသည်။

CCTVကင်မရာများတပ်ဆင်နိုင်ရန်အတွက် ပစ္စည်းများဝယ်ယူလို၍ နိုင်ငံသား လုပ်ငန်းရှင်များထံမှ ပစ္စည်းကိုတင်ဒါစနစ်ဖြင့်ဝယ်ယူရန် ပဲခူးတိုင်းစစ်ကောင်စီ၏ တင်ဒါစီစစ်လက်ခံရေးကော်မတီ တင်ဒါတင်သွင်းနိုင်ကြောင်းကြေညာထားသည်။

ရောင်းချလိုသည့် ပြည်တွင်းလုပ်ငန်းရှင်များသည် နိုဝင်ဘာ ၂၄ ရက်နောက်ဆုံးထား၍ တင်ဒါတင်သွင်းရမည်ဟု စစ်ကောင်စီထုတ်သတင်းစာတွင်ကြောငြာထားသည်။

အဆိုပါစီမံကိန်းကို အကြမ်းဖက်စစ်ကောင်စီဘက်က Safe City CCTV Security ဟု နာမည်ပေးထားသည်။ထိုစနစ်သည့် တမြို့လုံးကို CCTVဖြင့် ထိန်းချုပ်ရေးစင်တာမှ စောင့်ကြည့်ရန်အတွက်ဖြစ်သည်ဟု နည်းပညာကုမ္ပဏီတစ်ခု၏ မန်းနေဂျင်း ဒါရိုက်တာတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဒီစနစ်မှာ ဘာတွေပါမလဲ အသေးစိပ်တော့ မသိသေးဘူး၊ လူတွေရဲ့မျက်နှာကို ဖတ်ပြီး ခြေရာခံနိုင်တဲ့ စနစ်တွေ၊ တမြို့လုံးကို လွှမ်းခြုံနိုင်တဲ့ စောင့်ကြည့်ရေးစနစ်တွေဖြစ်လာနိုင်တယ်”ဟု ၎င်းက သုံးသပ်သည်။

ထိုစနစ်သည့် ရန်ကုန်မြို့တွင် တပ်ဆင်သည့် စနစ်များအတိုင်းအသုံးပြုမည်ဆိုပါက တော်လှန်းရေးလူငယ်များအတွက်လုံခြုံရေးအထူးသတိ့ထားရန်လိုကြောင်း ၎င်းကဆက်ပြောသည်။ ထိုစနစ်ကိုတင်ဒါယူ၍ လုပ်ကိုင်လို့သည့် ကုမ္ပဏီအချို့လည်းရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကိုအရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မြောင်မြို့‌ပေါ် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပေး

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။