Connect with us

Hi, what are you looking for?

News

မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်အတွင်းမီးလောင်၊ ဆိုင်ငါးဆိုင်လောင်ကျွမ်း

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံမီးသတ်က မီးမှာ ည၁၂ နာရီခွဲတွင်စတင်လောင်ကျွမ်းပြီး နံနက် ၁နာရီ ၂၅ မိနစ်တွင်မီးထိန်းနိုင်ကာ နံနက် ၁ နာရီ ၅၀ တွင်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ မီးသတ်ကားခြောက်စီးဖြင့် ငြှိမ်းသတ်ခဲ့ရသည်ဟုဆိုသည်။

ဓာတ်ပုံ - MFSD

မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်အတွင်း ဝါရာရှော့မှတစ်ဆင့် ယမန်နေ့(အောက် တိုဘာ၂၆)ညသန်းခေါင်းတွင် မီးလောင်ခဲ့ရာ ကားအပို ပစ္စည်းဆိုင်နှင့်စားသောက်ဆိုင်အပါအဝင် စုစုပေါင်းဆိုင် ငါးဆိုင် မီးလောင်ခဲ့သည်။

“ည၁၂ နာရီကျော်ကတည်းက မီးစလောင်တာ။ သုံးနာရီလောက်အထိ မီးမထိန်းနိုင်ခဲ့ဘူး။စားသောက်ဆိုင်တွေက ဂက်စ်အိုးတွေလည်း ပေါက်တာကြောက်စရာပဲ။ အဲမတိုင်ခင်ညဦးပိုင်းကလည်း မူဆယ်မှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံမီးသတ်က မီးမှာ ည၁၂ နာရီခွဲတွင်စတင်လောင်ကျွမ်းပြီး နံနက် ၁နာရီ ၂၅ မိနစ်တွင်မီးထိန်းနိုင်ကာ နံနက် ၁ နာရီ ၅၀ တွင်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ မီးသတ်ကားခြောက်စီးဖြင့် ငြှိမ်းသတ်ခဲ့ရသည်ဟုဆိုသည်။

အဆိုပါ မီးလောင်မှုကြောင့် စားသောက်ဆိုင်တစ်ဆိုင်၊ လက်ဖက်ရည်ဆိုင်တစ်ဆိုင်နှင့် ကားပစ္စည်းဆိုင်နှစ်ဆိုင်၊ ကုန်စုံဆိုင်တစ်ဆိုင် ဆုံးရှုံးခဲ့သည်။

Public Service Announcement

Public Service Announcement

မူဆယ်မြို့နှင့် ပတ်ဝန်းကျင်တွင် ယခုရက်ပိုင်း အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်နေသည်။တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးလည်း ရပ်ဆိုင်းနေ၍ ဒေသခံအများစု စီးပွားရေးမပြေလည်ကြဟု ဆိုသည်။ စစ်ကောင်စီအား အပြီးသတ် ဖြုတ်ချနိုင်မှ စီးပွားရေးပြန်၍နလန်ထူမည်ဟု ယုံကြည်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။