Connect with us

Hi, what are you looking for?

News

မန္တလေး ကညနရုံးရှေ့ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထိခိုက်ဒဏ်ရာရ၊ ဆိုင်ကယ် ၁၅ စီးခန့်ပျက်စီး

ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်အပ်နှံတဲ့နေရာမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေမီးလောင်ချိန်မှာ ထပ်မံပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ လိုင်စင်ဝင်ရာမှာ ဝန်ဆောင်မှုပေးနေတဲ့အကျိုးဆောင်တစ်ဦးကပြောပြပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲ လိုင်စင်အကျိုးဆောင်အများစုပါဝင်

မန္တလေးတိုင်း ကညန ရုံးရှေ့မှာ ဒီနေ့မနက် ၁၁ နာရီလာက် ဗုံးပေါက်ကွဲ၂ကြိမ်ဆက်တိုက်ဖြစ်ပွားပြီး လူ၁၀ဦးဆေးရုံရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူများထံကနေစုံစမ်းသိရပါတယ်။

ကညနရုံးရှေ့က ဆိုင်ကယ်အပ်နှံတဲ့ နေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ ပါ။

ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်အပ်နှံတဲ့နေရာမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေမီးလောင်ချိန်မှာ ထပ်မံပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ လိုင်စင်ဝင်ရာမှာ ဝန်ဆောင်မှုပေးနေတဲ့အကျိုးဆောင်တစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

“ပေါက်ကွဲမှုက ၂ခါဖြစ်ပွားတာ။ အဲဒီတွက် ကျနော်တို့လည်း ဒီနေ့လိုင်စင်လုပ်ပေးတာနားလိုက်ပါပြီ” လို့ အဲဒီအမျိုးသားကဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ဆိုင်ကယ် ၁၅စီးမီးလောင်ပျက်စီးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ထံကနေစုံစမ်းသိရပါတယ်။

ဒဏ်ရာရရှိသူတွေကို မန္တလေးဆေးရုံကြီးကိုပို့ဆောင်ကုသထားပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများဟာ လိုင်စင်ပြုလုပ်ပေးတဲ့ အကျိုးဆောင်အများစုပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရောက်နေပြီး စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

ကညနရုံးရှေ့အဝင်အတွက်နေရာတွေမှာ စစ်တပ်က လုံခြုံရေးဘန်ကာများပြုလုပ်ပြီး အမြဲလုံခြုံရေးယူထားတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook