Connect with us

Hi, what are you looking for?

News

ဒေါ်လာနှင့်ရွှေဈေး နံနက်ပိုင်းကျပြီး၊ ညနေပိုင်းပြန်တက်

ရွှေဈေးသည် နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၁,၇၀၉,၀၀၀(၁၇သိန်းကိုးထောင်ကျပ်) အထိ ပြုတ်ကျခဲ့သော်လည်း ညနေပိုင်းတွင် ကျပ် ၁,၇၇၅,၀၀၀အထိ ပြန်လည်မြင့်တက်လာသည်ဟု ရွှေလုပ်ငန်းရှင်များထံက သိရသည်။

ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေး ယနေ့(အောက်တိုဘာ ၂၇ ရက်)နံနက်ပိုင်းတွင် ဈေးကျဆင်းခဲ့ပြီးနောက် အဝယ်လိုက်၍ ညနေပိုင်းတွင် ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

ရွှေဈေးသည် နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၁,၇၀၉,၀၀၀(၁၇သိန်းကိုးထောင်ကျပ်) အထိ ပြုတ်ကျခဲ့သော်လည်း ညနေပိုင်းတွင် ကျပ် ၁,၇၇၅,၀၀၀အထိ ပြန်လည်မြင့်တက်လာသည်ဟု ရွှေလုပ်ငန်းရှင်များထံက သိရသည်။

ဒေါ်လာဈေးသည် ယနေ့နံနက်ပိုင်းတွင် တစ်ဒေါ်လာကို ၁,၇၇၀ကျပ်အထိ ကျဆင်းခဲ့သော်လည်း ညနေပိုင်းတွင် ၁,၈၉၀ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေးနှင့်ရွှေဈေးမတည်ငြိမ်မူများကြောင့် အခြားလုပ်ငန်းများက ရပ်ဆိုင်းထားရသည်ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်လာသန်း ၃၀ကို တစ်ဒေါ်လာကို ၁,၇၉၀ကျပ်ဖြင့် ထုတ်ရောင်းခဲ့ပြီးနောက် ဒေါ်လာဈေးနှင့်ရွှေဈေးကျဆင်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုသို့ ဈေးနှုန်းပြုတ်ကျခြင်းကြောင့် အဝယ်များလာပြီး ညနေပိုင်းတွင် ဈေးနှုန်းပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

“ဒေါ်လာစျေးက သူတို့ ဗဟိုဘဏ်က လိုအပ်ပမာဏလောက်မှန်မှန်ထုတ်ရောင်းနေရင် ဈေးကျနေမှာပဲ။ ဒါပေ့မယ် ထုတ်မရောင်းနိုင်တဲ့တနေ့ ပြန်တက်လာမယ်။ ဗဟိုဘဏ်က ဒေါ်လာဘယ်လောက်ထိ ထုတ်ရောင်းနိုင်မလဲ စောင့်ကြည့်ပါဦးမယ်”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

စက်တင်ဘာ ၂၈ ရက်တွင် ရွှေတစ်ကျပ်သားကို ၂,၂၂၀,၀၀၀ကျပ် ပေါက်ဈေးရှိခဲ့ပြီး တစ်ဒေါ်လာကို ၂၈၀၀ကျပ်အထိ ပေါက်ဈေးရှိခဲ့သည်။ တစ်လအတွင်းရွှေတစ်ကျပ်သားကို ကျပ် ၅သိန်းနှင့် တစ်ဒေါ်လာကို ကျပ် ၁၀၀၀ ခန့်အတက်အကျဖြစ်ခဲ့သည်။

လက်ရှိတွင် ကုန်သွယ်မူများ ရပ်တန့်နေပြီး သွင်းကုန်လိုင်စင်များ ကန့်သတ်ထားခြင်းကြောင့် ဒေါ်လာဈေးကျဆင်းနေခြင်းဖြစ်ပြီး လုပ်ငန်းများပြန်လည် စတင်ပါက ဒေါ်လာဈေးပြန်လည်မြင့်တက်လာမည်ဟု သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာဈေးကျဆင်းစေရန် အာဏာသိမ်းထားသည့် ၉လအတွင်း ၎င်းတို့ ထိန်းချုပ်ထားသည့် ဗဟိုဘဏ်မှ ဒေါ်လာ သန်း ၃၀၀ခန့်ကို ပြင်ပပေါက်ဈေးထက် လျော့၍ ရောင်းချခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး ထပ်တက်နေပြီး တစ်ကျပ်သား ကျပ်သိန်း ၁၀၀ကျော်လာတယ်လို့ ရွှေစျေးကွက်က စုံစမ်းသိရပါတယ်။