Connect with us

Hi, what are you looking for?

News

အိမ်၊ခြံ၊မြေနှင့် ရွှေအရောင်းအဝယ်အတွက် ဘဏ်စနစ်ကိုမဖြစ်မနေသုံးရန် စစ်ကောင်စီ၏ဗဟိုဘဏ် စီစဥ်နေပြန်

အိမ်၊ခြံ၊မြေနှင့်ရွှေများ အရောင်းအဝယ်ပြုလုပ်ရာတွင် ပမာဏတစ်ခုကျော်လွန်ပါက ငွေပေးချေမူကို ဘဏ်ဖြင့်သာ မဖြစ်မနေဆောင်ရွက်ရန် ဖြစ်ကြောင်း အာဏာလုစစ်ကောင်စီ၏ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေက စီစဉ်နေခြင်းဖြစ်သည်။

အိမ်၊ခြံ၊မြေနှင့် ရွှေများရောင်းဝယ်ယူရာတွင် ငွေကြေးပေးချေမှုများအတွက် ဘဏ်စနစ်မဖြစ်မနေ အသုံးပြုပေးချေရန် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က စီစဉ်နေသည်။

အိမ်၊ခြံ၊မြေနှင့်ရွှေများ အရောင်းအဝယ်ပြုလုပ်ရာတွင် ပမာဏတစ်ခုကျော်လွန်ပါက ငွေပေးချေမူကို ဘဏ်ဖြင့်သာ မဖြစ်မနေဆောင်ရွက်ရန် ဖြစ်ကြောင်း အာဏာလုစစ်ကောင်စီ၏ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေက စီစဉ်နေခြင်းဖြစ်သည်။

ထိုစနစ်အကောင်အထည်ဖော်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ် ဒုဥက္ကဌသည် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ရွှေလုပ်ငန်းရှင်များနှင့် အိမ်၊ခြံ၊မြေဝန်ဆောင်မှုအသင်းတို့က အောက်တိုဘာ ၂၆ ရက်တွင် တွေ့ဆုံခဲ့သည်။ ထိုအစည်းအဝေးတွင် စစ်ကောင်စီ၏ လက်အောက်ခံ ဌာနများဖြစ်သည့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အများအပြင် အရပ်အဖွဲ့အစည်းများဖြစ်သည့် ဘဏ်များအသင်း၊ ကုန်သည်စက်မူအသင်းချုပ်တို့လည်း ပါဝင်တတ်ရောက်ခဲ့သည်။

ထိုတွေ့ဆုံမှုတွင် အိမ်၊ခြံ၊မြေနှင့် ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ထံ သတင်းပေးပို့ရန်လည်းပါဝင်သည်။

Public Service Announcement

Public Service Announcement

ငွေကြေးပမာဏသတ်မှတ်ရန် ဆွေးနွေးနေဆဲဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုစနစ်ကိုလုပ်ဆောင်ရန် စည်းရုံးရမည့် ကာလတစ်ခုလိုအပ်နေပြီး ထပ်မံဆွေးနွေးရဦးမည်ဟု ၎င်းက ဆိုသည်။

ယခုကန့်သတ်ထိန်းချုပ်သည် ပြည်တွင်းဘဏ်များ ပြန်လည် လည်ပတ်နိုင်ရန်အတွက် အဓိက ဖြစ်နိုင်ပြီး အခွန်နှင့် ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်လို့သဘောဖြစ်သည်ဟု အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ဘဏ်များတွင်ငွေထုတ်ခွင့်မပေးဘဲ ဘဏ်ဖြင့်ငွေပေးချေမှုလုပ်ခိုင်းခြင်းသည် မဖြစ်နိုင်ဟု အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ဒီလိုလုပ်တယ်ဆိုတာ သူတို့မှာ အကြံတုံး ဉာဏ်တုံးနဲ့ ဘာအတွေးအခေါ်မှ မရှိဘူးဆိုတာပြနေတာပဲ။ တခြားနိုင်ငံသားတစ်ယောက်သာကြားရင် အတော်ဟားခံရမယ့် ကိစ္စဘဲ”ဟု ၎င်းကဆက် ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဘဏ်များမှ ငွေထုတ်ယူခွင့်ကို ကန့်သတ်ထားသည်မှာ ယနေ့အထိ့ဖြစ်သည်။ ဘဏ်များအပေါ် လူထုယုံကြည်မှု နည်းပါးနေသောယခုအချိန်တွင်ဘဏ်များက ငွေထုတ်ပေးမှုကို ရပ်တန့်လုနီးပါးဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။