Connect with us

Hi, what are you looking for?

LuduNwayOo

News

အရာတော်နယ်ရှိ အုပ်ကြီးများ ယခုလကုန်နောက်ဆုံးနှုတ်ထွက်ကြရန် ARA သတိပေး

အရာတော်မြို့နယ်တော်လှန်ရေး အင်အားစနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များသည် ဏးအရာတော်မြို့နယ်အတွင်း စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်စေရန် နှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေးကို ခုခံတော်လှန်စစ် ဆင်နွှဲနေပြီ ဟု အသိပေးသည်။

ယခုလကုန် နောက်ဆုံးထား၍ စစ်ကောင်စီခန့် ကျေးရွာ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှုတ်ထွက်ရန် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု(ARA)က သတိပေးထုတ်ပြန် သည်။

“အခုအနေအထားအရ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးဆိုတဲ့ထောက်တိုင်ကို အပြီးသတ်ချိုး ရမယ့်အချိန်ရောက်ပြီ။အခုက တော်လှန်ရေးကို တစ်ဆင့်မြှင့် နေကြတာလဲပါတယ်။ခုလို တော်လှန်စစ် စတဲ့အချိန်မှာရပ်ကွက်ကျေးရွာ အုပ်ကြီးတွေဆိုတာ ဒေသခံPDF တွေကို ဒုက္ခပေးနိုင်တဲ့ အခြေအနေတစ်ခုရှိတာကြောင့် နောက်ဆုံးအကြိမ်သတိပေးတာ”ဟု ARA ဦးဆောင်သူ ဗိုလ်ရာဇာက ပြောသည်။

အရာတော်မြို့နယ်တော်လှန်ရေး အင်အားစနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များသည် ဏးအရာတော်မြို့နယ်အတွင်း စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်စေရန် နှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေးကို ခုခံတော်လှန်စစ် ဆင်နွှဲနေပြီ ဟု အသိပေးသည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်၏ ထောက်တိုင် အုပ်ချုပ်ရေးယန္တရားများဖြစ်ကြသော မြို့နယ်အတွင်းရှိ ကျးရွာ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများသည် မည်သည့်အကြောင်းပြချက်မှမလိုဘဲ ပြည်သူ့ဘက်က ပြတ်သားစွာရပ်တည်ပြီး အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ အပြီးသတ် နှုတ်ထွက်ရန် ARA က တိုက်တွန်းထား သည်။

Public Service Announcement

Public Service Announcement

သတိပေးချက်ကို လိုက်နာခြင်းမရှိပါကနောက်ဆက်တဲဲဖစ်ပေါ်လာမည့် အကျိုးဆက်မှာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ARA က မှတ်ယူမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ယင်းစစ်ဆင်ရေးကို နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF နှင့် Fight Stars . Special task Force . myingyan 8 Stars. Myingyan MP-9 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် တစ်ဦးနှင့် တပ်သား လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော တပ်သားအများအ​ပြားရှိသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ပြောသည်။

သတင်း

ပစ်ခတ်မှုကို Golden Eagle Force-Monywa နှင့် Ka Naung Min Tar Gyi(Monywa)၊ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။