Connect with us

Hi, what are you looking for?

News

အရာတော်နယ်ရှိ အုပ်ကြီးများ ယခုလကုန်နောက်ဆုံးနှုတ်ထွက်ကြရန် ARA သတိပေး

အရာတော်မြို့နယ်တော်လှန်ရေး အင်အားစနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များသည် ဏးအရာတော်မြို့နယ်အတွင်း စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်စေရန် နှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေးကို ခုခံတော်လှန်စစ် ဆင်နွှဲနေပြီ ဟု အသိပေးသည်။

ယခုလကုန် နောက်ဆုံးထား၍ စစ်ကောင်စီခန့် ကျေးရွာ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှုတ်ထွက်ရန် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု(ARA)က သတိပေးထုတ်ပြန် သည်။

“အခုအနေအထားအရ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးဆိုတဲ့ထောက်တိုင်ကို အပြီးသတ်ချိုး ရမယ့်အချိန်ရောက်ပြီ။အခုက တော်လှန်ရေးကို တစ်ဆင့်မြှင့် နေကြတာလဲပါတယ်။ခုလို တော်လှန်စစ် စတဲ့အချိန်မှာရပ်ကွက်ကျေးရွာ အုပ်ကြီးတွေဆိုတာ ဒေသခံPDF တွေကို ဒုက္ခပေးနိုင်တဲ့ အခြေအနေတစ်ခုရှိတာကြောင့် နောက်ဆုံးအကြိမ်သတိပေးတာ”ဟု ARA ဦးဆောင်သူ ဗိုလ်ရာဇာက ပြောသည်။

အရာတော်မြို့နယ်တော်လှန်ရေး အင်အားစနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များသည် ဏးအရာတော်မြို့နယ်အတွင်း စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်စေရန် နှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်လည်ရရှိရေးကို ခုခံတော်လှန်စစ် ဆင်နွှဲနေပြီ ဟု အသိပေးသည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်၏ ထောက်တိုင် အုပ်ချုပ်ရေးယန္တရားများဖြစ်ကြသော မြို့နယ်အတွင်းရှိ ကျးရွာ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများသည် မည်သည့်အကြောင်းပြချက်မှမလိုဘဲ ပြည်သူ့ဘက်က ပြတ်သားစွာရပ်တည်ပြီး အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ အပြီးသတ် နှုတ်ထွက်ရန် ARA က တိုက်တွန်းထား သည်။

Public Service Announcement

Public Service Announcement

သတိပေးချက်ကို လိုက်နာခြင်းမရှိပါကနောက်ဆက်တဲဲဖစ်ပေါ်လာမည့် အကျိုးဆက်မှာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ARA က မှတ်ယူမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ULA/AAနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ သံတမန်‌ရေးအဆင်ပြေမှာကို မနာလိုတဲ့အုပ်စု​တွေရဲ့လုပ်ကြံမှုဟုအသိ​ပေး

Facebook