Connect with us

Hi, what are you looking for?

News

ပုလဲ-မင်းတိုင်ပင်-ဂန်ဂေါလမ်းပိုင်းနှင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းကို ပြည်သူများတစ်ပတ်ကြာ အသုံးမပြုရန် ဒေသခံPDFများ သတိပေး

ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ထုတ်ပြန်ချက်များအား လေးစားလိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာခဲ့ပါက အသက်အန္တရာယ်လုံခြုံရေးနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ကိစ္စရပ်များအား လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ပါကြောင်း Yaw Eagel အဖွဲ့က အသိပေးသည်။

(အောက်တိုဘာလဆန်းက ပုလဲ-ဂန့်ဂေါလမ်းပိုင်းတစ်နေရာတွင်စစ်ကောင်စီတပ်ကို ပုလဲPDFကတိုက်ခိုက်၍ စစ်ကောင်စီတပ်သားများသေဆုံးခဲ့သည်။ ဓာတ်ပုံ-Gangaw Youth Voice)

အကြမ်းဖက်စစ်ကောင်စီက အရပ်သားအသွင်ယူထိုးစစ်ဆင်မည့်သတင်းများရရှိထား၍ ပြည်သူများအနေဖြင့်စစ်ကိုင်းတိုင်း၊ ပုလဲ-မင်းတိုင်ပင်-ဂန့်ဂေါလမ်းပိုင်းနှင့် ဂန့်ဂေါ-ကလေး လမ်းပိုင်းအား ရက်သတ္တပတ်တစ်ပတ်ကြာ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ တပ်များမှ အောက်တိုဘာကုန်ပိုင်းတွင် အထူးကွန်မန်ဒိုတပ်ဖွဲ့များဖြင့် အရပ်သား အသွင်ယူထိုးစစ်ဆင်မည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်များ မှ သိရှိထားရသည့်အတွက် ပုလဲ-မင်းတိုင်ပင်-ဂန့်ဂေါလမ်းပိုင်းနှင့် ဂန့်ဂေါ-ကလေး လမ်းပိုင်းအား အောက်တိုဘာလ ၂၉ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ခရီးသည်တင် Express ကားများ၊ ကုန်တင်ယာဥ်များနှင့် ၎င်းလမ်းပိုင်းတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ယာဥ်ကြီး၊ ယာဥ်ငယ် နှင့် ဆိုင်ကယ်များ အသုံးပြုပြီး ဖြတ်သန်းသွားလာခြင်းလုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုယ်စား Yaw Eagel အဖွဲ့မှ သတိပေးသည်။

(အောက်တိုဘာလဆန်းက ပုလဲ-ဂန့်ဂေါလမ်းပိုင်းတစ်နေရာတွင်စစ်ကောင်စီတပ်ကို ပုလဲPDFကတိုက်ခိုက်၍ စစ်ကောင်စီတပ်သားများသေဆုံးခဲ့သည်။ ဓာတ်ပုံ-Gangaw Youth Voice)

ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း ဖြတ်သန်းသွားလာသော မည်သည့်ယာဥ်မဆို ပစ်ခတ်ချေမှုန်းသွားမည် ဖြစ်ကြောင်းကိုလည်း ထပ်မံအသိပေးကြောင်း၊ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ထုတ်ပြန်ချက်များအား လေးစားလိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာခဲ့ပါက အသက်အန္တရာယ်လုံခြုံရေးနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ကိစ္စရပ်များအား လုံးဝ(လုံးဝ)တာဝန်ယူမည်မဟုတ်ပါကြောင်း Yaw Eagel အဖွဲ့က အသိပေးသည်။

ယနေ့(အောက်တိုဘာ ၂၈)နံနက်ပိုင်းတွင်လည်း အုံ့တုံးတောင်(စိုင်ဒူး) ဘက်သို့ အရပ်ဝတ်များဖြင့်ရုတ်တရက်ရောက်လာပြီး ရှောင်တခင် စစ်ဆင်ရေးပုံစံမျိုး လုပ် ဆောင်လာသည်ကိုလည်းတွေ့ရကြောင်း၊ပြည်သူများအနေဖြင့် ကျန်းမာရေး ကိစ္စနှင့် အခြားအရေးကြီး ကိစ္စများရှိပါက သက်ဆိုင်ရာ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့များထံ သတင်းပေးပို့ပြီးမှသာ သွားလာကြပါရန် သတိပေးကြောင်း Yaw Eagel အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့