Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာစစ်တပ်ရဲ့စနစ်တကျညှင်းပန်းနှိပ်စက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်နိုင်ငံခြားရေး တောင်းဆို

AP သတင်းဌာနဟာ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ အကျဉ်းကျပြီး ပြန်လွတ်လာတဲ့ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၈ ဦးအား တွေ့ဆုံမေး မြန်းမှုတွေအပေါ် အခြေခံကာ စုံစမ်းဖော်ထုတ်ရေးသားခဲ့တာဖြစ်ပါတယ်။

People's Spring
People's Spring

မြန်မာစစ်တပ်က နိုင်ငံတဝန်း ဖမ်းဆီးထိန်းသိမ်းခံရသူများကို စနစ်တကျညှင်းပန်းနှိပ်စက်ကြောင်း AP သတင်းဌာနက ဖော်ပြအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဒီနေ့(အောက်တိုဘာ ၂၉ ရက်) မှာတောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကျွမ်း ကျင်သူနှစ်ဦးကလည်း မြန်မာစစ်တပ်ကို နိုင်ငံတကာက ပြင်းထန်တဲ့ဖိအားပေးဖို့တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး ဝါရှင်တန်ရှိ လွှတ်တော်အမတ်တွေက AP ရဲ့စုံစမ်းဖော် ထုတ်မှုကို ဆက်လက်အရေးယူဆောင်ရွက်ဖို့ ကွန်ဂရက်ကို တိုက်တွန်းခဲ့ပါတယ်။

AP သတင်းဌာနဟာ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ အကျဉ်းကျပြီး ပြန်လွတ်လာတဲ့ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၈ ဦးအား တွေ့ဆုံမေး မြန်းမှုတွေအပေါ် အခြေခံကာ စုံစမ်းဖော်ထုတ်ရေးသားခဲ့တာဖြစ်ပါတယ်။

“မြန်မာစစ်တပ်ရဲ့ နိုင်ငံတဝန်း စနစ်တကျညှင်းပန်းနှိပ်စက်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ မှတ်တမ်းတွေကြောင့် ကျွန်တော်တို့ ဒေါသထွက်ရပြီး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “မြန်မာနိုင်ငံမှာ ညှင်းပန်းနှိပ်စက်တဲ့အစီရင်ခံစာတွေကို ယုံကြည်စွာ စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး ဒီလိုပြစ်မှုတွေအတွက် တာဝန်ရှိသူတွေကိုလည်း တာဝန်ခံစေရမှာဖြစ်ပါ တယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

AP ရဲ့ စုံစမ်းဖော်ထုတ်မှုဟာ မကြာသေးမီက စစ်တပ်ကိုစွန့်ခွာလာတဲ့အရာရှိသုံးဦးရဲ့ထွက်ဆိုချက်နဲ့အတူအတူ ဓာတ်ပုံမှတ်တမ်းတွေ၊ ပုံကြမ်းတွေနဲ့ထောင်တွင်းက ပေးစာတွေဟာ အာဏာသိမ်းအပြီး လူပေါင်း ၉၀၀၀ ကျော် ဖမ်းဆီးခဲ့မှုကို အပြည့်စုံဆုံး အထောက်အကူပေးပါတယ်။ AP သတင်းဌာနဟာ နိုင်ငံတဝန်းအသုံးပြုခဲ့တဲ့ စစ်ကြောရေးစခန်း တဒါဇင်ကို ဖော်ထုတ်နိုင်ခဲ့တဲ့ အပြင် တွေ့ဆုံမေးမြန်းမှုတွေနဲ့ ဂြိုလ်တုဓာတ်ပုံတွေကိုအခြေခံကာ အကျဉ်းထောင်တွေနဲ့ ရဲတပ် ဖွဲ့အချုပ်စခန်းတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီကစလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ အနည်းဆုံး ၁၃၁ ဦးကို သေဆုံးသည်အထိညှင်းပန်းနှိပ်စက်ခဲ့ခြင်းအပါအဝင် လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။