Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့စနစ်တကျညှင်းပန်းနှိပ်စက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်နိုင်ငံခြားရေး တောင်းဆို

AP သတင်းဌာနဟာ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ အကျဉ်းကျပြီး ပြန်လွတ်လာတဲ့ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၈ ဦးအား တွေ့ဆုံမေး မြန်းမှုတွေအပေါ် အခြေခံကာ စုံစမ်းဖော်ထုတ်ရေးသားခဲ့တာဖြစ်ပါတယ်။

People's Spring
People's Spring

မြန်မာစစ်တပ်က နိုင်ငံတဝန်း ဖမ်းဆီးထိန်းသိမ်းခံရသူများကို စနစ်တကျညှင်းပန်းနှိပ်စက်ကြောင်း AP သတင်းဌာနက ဖော်ပြအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဒီနေ့(အောက်တိုဘာ ၂၉ ရက်) မှာတောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကျွမ်း ကျင်သူနှစ်ဦးကလည်း မြန်မာစစ်တပ်ကို နိုင်ငံတကာက ပြင်းထန်တဲ့ဖိအားပေးဖို့တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး ဝါရှင်တန်ရှိ လွှတ်တော်အမတ်တွေက AP ရဲ့စုံစမ်းဖော် ထုတ်မှုကို ဆက်လက်အရေးယူဆောင်ရွက်ဖို့ ကွန်ဂရက်ကို တိုက်တွန်းခဲ့ပါတယ်။

AP သတင်းဌာနဟာ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ အကျဉ်းကျပြီး ပြန်လွတ်လာတဲ့ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် လူပေါင်း ၂၈ ဦးအား တွေ့ဆုံမေး မြန်းမှုတွေအပေါ် အခြေခံကာ စုံစမ်းဖော်ထုတ်ရေးသားခဲ့တာဖြစ်ပါတယ်။

“မြန်မာစစ်တပ်ရဲ့ နိုင်ငံတဝန်း စနစ်တကျညှင်းပန်းနှိပ်စက်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ မှတ်တမ်းတွေကြောင့် ကျွန်တော်တို့ ဒေါသထွက်ရပြီး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “မြန်မာနိုင်ငံမှာ ညှင်းပန်းနှိပ်စက်တဲ့အစီရင်ခံစာတွေကို ယုံကြည်စွာ စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး ဒီလိုပြစ်မှုတွေအတွက် တာဝန်ရှိသူတွေကိုလည်း တာဝန်ခံစေရမှာဖြစ်ပါ တယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

AP ရဲ့ စုံစမ်းဖော်ထုတ်မှုဟာ မကြာသေးမီက စစ်တပ်ကိုစွန့်ခွာလာတဲ့အရာရှိသုံးဦးရဲ့ထွက်ဆိုချက်နဲ့အတူအတူ ဓာတ်ပုံမှတ်တမ်းတွေ၊ ပုံကြမ်းတွေနဲ့ထောင်တွင်းက ပေးစာတွေဟာ အာဏာသိမ်းအပြီး လူပေါင်း ၉၀၀၀ ကျော် ဖမ်းဆီးခဲ့မှုကို အပြည့်စုံဆုံး အထောက်အကူပေးပါတယ်။ AP သတင်းဌာနဟာ နိုင်ငံတဝန်းအသုံးပြုခဲ့တဲ့ စစ်ကြောရေးစခန်း တဒါဇင်ကို ဖော်ထုတ်နိုင်ခဲ့တဲ့ အပြင် တွေ့ဆုံမေးမြန်းမှုတွေနဲ့ ဂြိုလ်တုဓာတ်ပုံတွေကိုအခြေခံကာ အကျဉ်းထောင်တွေနဲ့ ရဲတပ် ဖွဲ့အချုပ်စခန်းတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီကစလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ အနည်းဆုံး ၁၃၁ ဦးကို သေဆုံးသည်အထိညှင်းပန်းနှိပ်စက်ခဲ့ခြင်းအပါအဝင် လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook