ဒီနေ့ညပိုင်း ၇ နာရီလောက်က မန္တလေး ၊ကန်တော်ကြီးရှိ Lake View စင်တင်နဲ့တေးဂီတဆိုင်ဝင်ပေါက်နေရာမှာပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အမျိုးသား၄ဦးနဲ့ အမျိုးသမီး ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက စုံစမ်းသိရပါတယ်။
“ကျွန်တော်တို့ကသွားသယ်ပေးတာဆိုတော့ ပေါက်တာက အပြင်လား အတွင်းလားဆိုတာတော့ သေချာမသိဘူး။ ဆိုင်ပေါက်ဝနေရာလေးပဲ။ နောက်ထပ်ရှိနေနိုင်တဲ့အတွက် အဲနားကနေ ချက်ချင်းသယ်ပြီး ဆေးရုံပို့ပေးလိုက်ရတယ်”လို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။
ဒဏ်ရာရရှိသူ ၈ဦးအနက် ၂ဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

Public Service Announcement
ဒဏ်ရာရရှိသူတွေအများစုဟာ Lake View စင်တင်နဲ့တေးဂီတဆိုင်ကဖြစ်တယ်လို့သိရပါတယ်။


















































