Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတွင် စစ်ကောင်စီယာဥ်တန်း နေရာနှစ်ခု၌ မိုင်းဆွဲတိုက်ခိုက်ခံရ

ယမန်နေ့ည ၁၂နာရီ ၄၅မိနစ်ဝန်းကျင်ခန့်က မြင်းမူမြို့ အနောက်ဘက်တွင် မိုင်းဆွဲခဲ့ပြီးနောက် စစ်ကောင်စီကားအချို့ စစ်ကိုင်းဘက်သို့ပြန်၍ ဆုတ်ခွာခဲ့သည်ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းမြို့မှ လက်နက်များသယ်ဆောင်လာသည်ဟုယူဆရသော စစ်ကောင်စီ၏ ၁၀ဘီးကားတစ်စီးနှင့် အိမ်စီးကားငါးစီးကို ယနေ့နံနက်စောပိုင်းတွင် ဒေသခံPDF အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ည ၁၂နာရီ ၄၅မိနစ်ဝန်းကျင်ခန့်က မြင်းမူမြို့ အနောက်ဘက်တွင် မိုင်းဆွဲခဲ့ပြီးနောက် စစ်ကောင်စီကားအချို့ စစ်ကိုင်းဘက်သို့ပြန်၍ ဆုတ်ခွာခဲ့သည်ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မည်သည့်က လုပ်ဆောင် သည်ကို ထုတ်ပြန်ထားခြင်း မရှိပေ။

အလားတူ ယမန်နေ့ည ၁၂နာရီခွဲခန့်က စစ်ကိုင်းမြို့မှမုံရွာမြီု့ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SUGF (Sagaing UG Force) အဖွဲ့ကြေညာသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ် စစ်ကိုင်း – မုံရွာလမ်းမကြီးရှိ နှုံးတွင်းကျေးရွာနှင့် ညောင်ပင်ဝန်းကျေးရွာကြား စစ်ကိုင်းဘက်မှလာသော စစ်ကောင်စီကား ၅စီးပါယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု SUGF က အသိပေးသည်။

သို့သော် စစ်ကောင်စီယာဥ်တန်းများ နေရာနှစ်ခုတွင် မိုင်းခွဲခံရမှုနှင့်ပတ်သက်၍ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။