Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့ မီးရှို့ခဲ့မှုအတွက် စစ်ကောင်စီတပ်ပြုတ်ကျအောင်တိုက်မည်ဟု ဒီးမော့ဆိုPDF ထုတ်ပြန်

ချင်းပြည်နယ် ထန်တလန်မြို့အား အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အပြင် ဘုရားကျောင်းနှစ်ကျောင်း နှင့် ပြည်သူ့အိုးအိမ် အနည်းဆုံး ၁၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ထန်တလန်မြို့ရှိ ပြည်သူအိုးအိမ်များ မီးရှို့ဖျက်ဆီးမှုအပေါ် အလွန်ပင်စိတ်မကောင်းဖြစ်ရပြီး အကြမ်းဖက်စစ်ကောင်စီကျဆုံးထိတိုင်အောင်တိုက်ထုတ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)က ယနေ့(အောက်တိုဘာ ၃၀)ညပိုင်းတွင် ထုတ်ပြန်သည်။

“လက်နက် ကိုင်ချင်း ပစ်ခတ်လို့ ထိခိုက်နစ်နာတာမျိုးဆို ဖြေသာတယ်။ဘာမှ မဆိုင်တဲ့ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်ကိုဖျက်ဆီးတာကျ တော့ ဘယ်လိုမှ မဖြေနိုင်ဘူး။လူမဆန်တဲ့လုပ်ရပ်တွေအတွက် ကျွန်တော်တို့ အဆုံးထိ တိုက်မယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ တာဝန်ရှိသူက ပြောသည်။

ချင်းပြည်နယ် ထန်တလန်မြို့အား အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အပြင် ဘုရားကျောင်းနှစ်ကျောင်း နှင့် ပြည်သူ့အိုးအိမ် အနည်းဆုံး ၁၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ထန်တလန်မြို့ရှိ ပြည်သူများနှင့်အတူ ချင်းပြည်နယ်မှ ညီနောင်တိုင်းရင်းသားများနှင့်ထပ်တူ အထူးကြေကွဲရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့ ပြည်သူ့အိုးအိမ်များဖျက်စီးသည့် လုပ်ရပ်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း (DMO-PDF)က အသိပေးသည်။

အကြမ်းဖက်စစ်အာဏာရှင် ကျဆုံးစေရေးအတွက် (DMO-PDF)သည် ထန်တလန် CDF နှင့်အတူ ရပ်တည်သွားမည်ဖြစ်ပြီး ထန်တန် ပြည်သူများအတွက် တစ်နိုင်ငံလုံးမှပြည်သူများမှ ဝိုင်းဝန်ကူညီပေးကြရန်လည်း တိုက်တွန်းထားသည်။

ဒီမော့ဆိုးPDFသည် ဒီမော့ဆိုးမြို့နယ်တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ပြီး ဒေသခံပြည်သူများကို ကာကွယ်ပေးနေသောအဖွဲ့ဖြစ်သည်။

ဓာတ်ပုံ – ထန်တလန် CDF

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။