Connect with us

Hi, what are you looking for?

News

ကိုးကန့်၊ မုံးကိုးနှင့် သိန္နီဒေသတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားဟု MNDAA ထုတ်ပြန်

MNDAA နှင့် စစ်ကောင်စီတပ်တို့သည် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း MNDAAက ထုတ်ပြန်သည်။

(ယခုလအတွင်း စစ်ကောင်စီတပ်ထံမှ MNDAA သိမ်းဆည်းရမိသော လက်နက်များကို တွေ့ရစဥ်)

ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၃၀ရက်က ကိုးကန့် ၊ မုံးကိုး နှင့် သိန္နီဒေသတို့တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

ယခုရက်ပိုင်းတွင် MNDAAနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာကြောင်း၊ စစ်ကောင်စီတပ်က အင်အား အဆက်မပျက်တိုးချဲ့နေကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ ၃၀ရက် နေ့လည်ပိုင်းက ကိုးကန့်ကျင်ဖန်ဟော်နှင့်ရှယ်ခေါက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင် စီဘက်မှ စစ်ကားတစ်စီးပျက်စီးခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။ ညနေပိုင်း၌ သိန္နီဒေသ၊ မိုင်းရန်နှင့် ပန်မိုင်လမ်းတလျှောက်တွင် တိုက်ပွဲများဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ကိုးကန့်ဒေသ၏လုံးခမ် ၊ ဟေးရှန်း ၊ မုံးကိုးဗျူဟာကုန်း နှင့် ဖောင်းဆိုင်ဒေသမှ မုံးကိုးဒေသ၏လူရင်ထန် ၊ ရှိကျိကျတောင်တန်းနှင့် မန်ရန် ဒေသများရှိ MNDAAတပ် ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ပန်ဆိုင်းနှင့် နမ့်ဟူလမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

MNDAA နှင့် စစ်ကောင်စီတပ်တို့သည် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook