Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်အာဏာသိမ်းမှုကြောင့် နှုတ်ထွက်သွားသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၂,၀၀၀နီးပါးရှိနေ

အရပ်သားအစိုးရလက်ထက် ၂၀၂၀ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ဇန်နဝါရီ ၃၁ ရက်အထိ လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု သန်း ၆၀၀ကျော် ဝင်ရောက်ခဲ့သည်။

(ပြီးခဲ့သည့် ဇူလိုင်၂၉ရက်က စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ရန်ကုန်မြို့၌ ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံက နှုတ်ထွက်သွားသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၁,၈၇၃ ခုရှိသည်ဟု အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ကတည်း လစဉ်ဖော်ပြနေသည့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာစာရင်းများကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ စက်တင်ဘာနောက်ပိုင်းက စတင်ပြီးဖော်ပြခြင်းမရှိတော့ပေ။

ထိုပြင် မြန်မာမှ နှုတ်ထွက်သွားရန် စီစဉ်နေသည့် ကုမ္ပဏီများစွာရှိပြီး ၎င်းတို့ထဲတွင် နာမည်ကျော် ကုမ္ပဏီများပါဝင်ကာ ဂျာမဏီကုမ္ပဏီ METRO၊ အိန္ဒိယကုမ္ပဏီ ADANI နှင့် Telenorကုမ္ပဏီတို့လည်း ပါဝင်သည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မလုယူပြီးနောက် နိုင်ငံတွင်းရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ လျော့ကျလာခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံခန့်ဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ သို့သော်လည်း ထိုစာရင်းများသည် လိမ်ညာထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာကို လုယူပြီးနောက် မည့်သည့် ရင်းနှီးမြှပ်နှံမှုများဝင်ရောက်ခြင်းမရှိဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖပ်စစ်ကောင်စီက ထုတ်ပြန်ထားသောစာရင်းပင်လျှင် ၈နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ ဝင်ရောက်မှုအနည်းဆုံးဖြစ်သည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်ဝင်ရောက်ခဲ့သည်။

အရပ်သားအစိုးရလက်ထက် ၂၀၂၀ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ဇန်နဝါရီ ၃၁ ရက်အထိ လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု သန်း ၆၀၀ကျော် ဝင်ရောက်ခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေးကျဆင်းနေပြီး ၂၀၂၁ခုနှစ်တွင် စီးပွားရေးကျဆင်းမူသည် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိမည့်ဟု အာရှဖွံဖြိုးရေးဘဏ် (ADB)ကဆိုထားသည်။ စစ်တပ်အာဏာသိမ်းထားမှုကြောင့် လာမည့် ၂၀၂၂တွင်လည်း စီးပွားရေးဆက်လက်ကျဆင်းမည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

သတင်း

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။

ဆောင်းပါး

ခွန်းနိုတယောက်လည်း ကရင်နီဒေသက စစ်ဘေးရှောင် ယာယီတဲတခုထဲမှာ လဲလျောင်းနေရင်း မသန်စွမ်းသူတယောက်ရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရပါတယ်။

သတင်း

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်အတွင်း တိုက်ပွဲပေါင်း ၁၈၉ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၉ ဦးသေဆုံးကာ ၈၂ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က အသိပေးထားသည်။