Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းမှုကြောင့် နှုတ်ထွက်သွားသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၂,၀၀၀နီးပါးရှိနေ

အရပ်သားအစိုးရလက်ထက် ၂၀၂၀ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ဇန်နဝါရီ ၃၁ ရက်အထိ လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု သန်း ၆၀၀ကျော် ဝင်ရောက်ခဲ့သည်။

(ပြီးခဲ့သည့် ဇူလိုင်၂၉ရက်က စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ရန်ကုန်မြို့၌ ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံက နှုတ်ထွက်သွားသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၁,၈၇၃ ခုရှိသည်ဟု အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဦးသိန်းစိန်အစိုးရလက်ထက်ကတည်း လစဉ်ဖော်ပြနေသည့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာစာရင်းများကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ စက်တင်ဘာနောက်ပိုင်းက စတင်ပြီးဖော်ပြခြင်းမရှိတော့ပေ။

ထိုပြင် မြန်မာမှ နှုတ်ထွက်သွားရန် စီစဉ်နေသည့် ကုမ္ပဏီများစွာရှိပြီး ၎င်းတို့ထဲတွင် နာမည်ကျော် ကုမ္ပဏီများပါဝင်ကာ ဂျာမဏီကုမ္ပဏီ METRO၊ အိန္ဒိယကုမ္ပဏီ ADANI နှင့် Telenorကုမ္ပဏီတို့လည်း ပါဝင်သည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မလုယူပြီးနောက် နိုင်ငံတွင်းရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ လျော့ကျလာခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံခန့်ဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ သို့သော်လည်း ထိုစာရင်းများသည် လိမ်ညာထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာကို လုယူပြီးနောက် မည့်သည့် ရင်းနှီးမြှပ်နှံမှုများဝင်ရောက်ခြင်းမရှိဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖပ်စစ်ကောင်စီက ထုတ်ပြန်ထားသောစာရင်းပင်လျှင် ၈နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ ဝင်ရောက်မှုအနည်းဆုံးဖြစ်သည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော်ဝင်ရောက်ခဲ့သည်။

အရပ်သားအစိုးရလက်ထက် ၂၀၂၀ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ဇန်နဝါရီ ၃၁ ရက်အထိ လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု သန်း ၆၀၀ကျော် ဝင်ရောက်ခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေးကျဆင်းနေပြီး ၂၀၂၁ခုနှစ်တွင် စီးပွားရေးကျဆင်းမူသည် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိမည့်ဟု အာရှဖွံဖြိုးရေးဘဏ် (ADB)ကဆိုထားသည်။ စစ်တပ်အာဏာသိမ်းထားမှုကြောင့် လာမည့် ၂၀၂၂တွင်လည်း စီးပွားရေးဆက်လက်ကျဆင်းမည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

ဆောင်းပါး

စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်​ဆောင်းပါး ကဖေး/People’s Spring မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံး သန်းကျော်ရှိနေပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA)ရဲ့ နောက်ဆုံးထုတ်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဲဒီ သုံးသန်းကျော်မှာ ကလေးနှစ်ဦးမိခင်မဇင်မာတစ်ယောက်ပါဝင်ပါတယ်။ Public Service Announcement မဇင်မာက အညာသူစစ်စစ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက...

သတင်း

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင်လည်း ဆန္ဒပြမည်ဟု Milk Tea Alliance Thailand ကြေညာ

သတင်း

စစ်တပ်အာဏာသိမ်းမှု (၄)နှစ်မြောက် ယနေ့ (ဖေဖော်ဝါရီ ၁) နံနက်တွင် ကချင်ပြည်နယ် ဖားကန့်မြို့၌ မှော်လှည့်သပိတ်အဖွဲ့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြခဲ့ကြသည်။