Connect with us

Hi, what are you looking for?

News

မြန်မာသတင်းသမားတွေရဲ့ လုံခြုံမှု၊ လွတ်လပ်မှုတွေ ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ကနေဒါရှုတ်ချ

တရားဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့အပါအဝင် လိုက်နာရမယ့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကိုလည်း အပြည့်အဝ လိုက်နာဖို့ ဆက်လက်တောင်းဆိုလိုတယ်လို့ ကနေဒါက ထုတ်ပြန်ပါတယ်။

မြန်မာသတင်းသမားတွေနဲ့ မီဒီယာဆိုင်ရာ ဝန်ထမ်းတွေရဲ့ လုံခြုံမှု၊ လွတ်လပ်မှုတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရှုတ်ချတယ်လို့ ကနေဒါသံရုံးက ထုတ်ပြန်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂ ရက်မှာ ကျရောက်တဲ့ “သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိနေခြင်းအား အဆုံးသတ်ရေး ဆိုင်ရာ နိုင်ငံတကာနေ့” ကို ကနေဒါက ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံက မီဒီယာအဖွဲ့အစည်းတွေ၊ သတင်းသမားတွေရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကိုများစွာ စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

“လွတ်လပ်၊ ပွင့်လင်းပြီး ဒီမိုကရေစီ နည်းလမ်းကျတဲ့ လူ့အဖွဲ့အစည်းတစ်ခု ထိထိရောက်ရောက် လည်ပတ်ဖို့နဲ့ လူ့အခွင့်အရေးနဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်ပေးနိုင်ဖို့ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိမဖြစ် လိုအပ်ပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်ပါတယ်။

မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့အပါအဝင် လိုက်နာရမယ့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကိုလည်း အပြည့်အဝ လိုက်နာဖို့ ဆက်လက်တောင်းဆိုလိုတယ်လို့ ကနေဒါက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး အမျိုးအစားစုံလင်ကွဲပြားတဲ့ မီဒီယာတွေပေါ်ထွက်လာရေး ကြိုးပမ်းမှုများကို ကနေဒါက ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီအနာဂတ်အတွက် မျှော်မှန်းချက်များနဲ့ ထပ်တူရပ်တည်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၀၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၆၆ဦး ပြန်လည်လွတ်မြောက်လာပေမယ့် ၃၆ ဦးဟာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်ကောင်စီဟာ ပုဂ္ဂလိက သတင်းဌာန ၉ ခုကိုလည်း လုပ်ကိုင်ခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။ ပိတ်ပင်ခံရတဲ့ ၉ ခုအနက် 7Day နဲ့ မြစ်ကြီးနားသတင်းဌာနတို့သာ ရပ်နားခဲ့ပြီး ကျန် ၇ ခုကတော့ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လုပ်ငန်း အခြေမစိုက်ရင် လေယာဉ်တွေ ရောင်းချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကနေဒါ လေယာဉ်ကုမ္ပဏီ Bombardierကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook