Connect with us

Hi, what are you looking for?

News

မတရားဖမ်းဆီးခံထားရတဲ့သတင်းသမားအားလုံး ပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို

“မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်မရှိလျှင် ဒီမိုကရေစီနှင့် အဓိပ္ပါယ်ရှိသော ရွေးကောက်ပွဲမရှိနိုင်ပါ” လို့ ဗြိတိန်သံရုံးက ဆိုပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့သတင်းသမားအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ သတင်းသမားတွေဟာ ခြိမ်းခြောက်ခံရခြင်း ဒါမှမဟုတ် ဖမ်းဆီးခြင်းခံရမှာကို စိုးရိမ်ကြောက် လန့်မှုမရှိဘဲ လုပ်ဆောင်ခွင့်ပြုဖို့ ဗြိတိန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၉လ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး စစ်အာဏာရှင်ဟာ သတင်းသမား ၁၀၀ကျော်ကို ဖမ်းဆီးခဲ့ပြီး အနည်းဆုံးအယောက် ၃၀ခန့် ထိန်းသိမ်းခံထားရဆဲဖြစ်သည့်အပြင် အမှီအခိုကင်းတဲ့ မီဒီယာအားလုံးနီးပါးကို ပိတ်ပစ်ဖို့ကြိုးပမ်းခဲ့တယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

“မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်မရှိလျှင် ဒီမိုကရေစီနှင့် အဓိပ္ပါယ်ရှိသော ရွေးကောက်ပွဲမရှိနိုင်ပါ” လို့ ဗြိတိန်သံရုံးက ဆိုပါတယ်။

မြန်မာသတင်းသမားတွေဟာ သူတို့အလုပ်ကို ရိုးရှင်းစွာထမ်းဆောင်ရုံမျှဖြင့် တရားစွဲဆိုခြင်း၊ ထောင်ချခြင်းနဲ့ ညှင်းပန်းနှိပ်စက်ခြင်း အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။