Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီနှင့် ပူးပေါင်းသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို ဘုံရန်သူအဖြစ်သတ်မှတ်ဟု ချင်းနိုင်ငံရေးဦးဆောင် ကော်မတီ (ရခိုင်ပြည်နယ်)ထုတ်ပြန်

အဆိုပါအသင်းအဖွဲ့များက စစ်ကောင်စီနှင့်သွားရောက်တွေ့ဆုံခဲ့ခြင်းကြောင့် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်)ကို ချင်းလူငယ်များ၊ ချင်းအရပ်ဘက်အဖွဲ့များ စုပေါင်းပြီး အောက်တိုဘာ ၂၉ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်မဆို လုံး၀အသိ အမှတ် ပြုမည်မဟုတ်ဘဲ ရခိုင်ပြည်နယ်ရှိ ချင်းလူထုများနှင့်အတူ ဘုံရန်သူအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(ရခိုင်ပြည်နယ်)က ထုတ်ပြန်သည်။

ရခိုင်ပြည်ရှိ ချင်းလူထု၏ သဘောဆန္ဒမပါဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့ကြသည့် ချင်းမျိုးနွယ်စု စာပေနှင့် ယဉ်ကျေးမှုအသင်းများ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်)က ယ​နေ့( နိုဝင်ဘာ ၂ရက်)တွင် သဘောထားထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၆ရက်က စစ်တွေမြို့ ၌ ပြုလုပ်သည့် တွေ့ဆုံပွဲသို့ စုမ်းတူ(ချင်း)စာပေနှင့် ယဉ်ကျေးမှုအသင်း၊ လေးတူ(ချင်း) စာပေနှင့် ယဉ်ကျေးမှုအသင်း၊ လောက်တူ(ချင်း) စာပေနှင့် ယဉ်ကျေးမှုအသင်း၊အရှို(ချင်း) စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ဥ(ပ်)ပူး(ချင်း) စာပေနှင့် ယဉ်ကျေးမှုအသင်း တို့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါအသင်းအဖွဲ့များက စစ်ကောင်စီနှင့်သွားရောက်တွေ့ဆုံခဲ့ခြင်းကြောင့် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်)ကို ချင်းလူငယ်များ၊ ချင်းအရပ်ဘက်အဖွဲ့များ စုပေါင်းပြီး အောက်တိုဘာ ၂၉ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

“ ကျွန်တော်တို့ ကိုယ့်လူမျိုးတွေကို အမုန်းတရားတွေနဲ့ပြောတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ အကုန်လုံးသိတဲ့အတိုင်း တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေအကုန်လုံးသိပြီးသား ကမ္ဘာကလည်း သိပြီးသားဖြစ်တယ်။ အရင် တုန်းကလည်း ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားနယ်မြေတွေကို သူတို့ ကျူးကျော်ပြီးတော့မှ တိုင်းရင်းသား ဒေသမှာရှိတဲ့ လူထုတွေကို မတရားအနိုင်ကျင့်ခဲ့တာရှိတယ်။ အဲဒီအပေါ်မှာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ ပူးပေါင်းတာက လုံး၀ မကြိုက်ဘူး။ ဒါကိုထောက်ပြတာ” ဟု ၎င်းက ဆိုသည်။

ထိုသို့ တက်ရောက်ခြင်းသည် ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးများ၏ သဘောဆန္ဒမပါဘဲ သက်ဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအသင်းများ၏ အစီအစဉ်ဖြင့် တက်ရောကခြင်းဖြစ်ကြောင်း၊ ယင်းသို့ တက်ရောက်ခြင်းသည် ရခိုင်ပြည်နယ်မှ ချင်းလူမျိုးများ၏ သဘောထားကို ကိုယ်စားပြုခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားနှင့် ၎င်းတို့ အဖွဲ့အစည်းများ၏ အကျိုးစီးပွားကို သာ မျှော်ကိုး၍ တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အသင်းများ၏ လုပ်ရပ်များအပေါ် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ( ရခိုင်ပြည်နယ်မှ) ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှုံ့ချခဲ့ပြီး သွားရောက်တွေ့ဆုံခဲ့ကြသည့် ချင်းမျိုးနွယ်စု စာပေနှင့် ယဉ်ကျေးမှု အသင်းများ၏ လုပ်ရပ်သည် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကို စစ်ရာဇဝတ်မှုများ ပြင်းထန်စွာကျူးလွန်နေသည့် အကြမ်းဖက် စစ်ကောင်စီအားထောက်ခံ အားပေးပြီး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု မှတ်ယူကြောင်း ထုတ်ပြန်ထားသည်။

(ဆန္ဒပြ​တောင်းဆိုသူများအား စစ်သားနှင့်ရဲတပ်ဖွဲ့က ​သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်း​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။