Connect with us

Hi, what are you looking for?

News

ဖယ်ခုံနယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်နှင့် PDFများ စုပေါင်းတိုက်ခိုက်ရာ ငါးဦးသေဟု KNDF ထုတ်ပြန်

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စစ်ဘက်မှ ငါးဦးသေဆုံးခဲ့ပြီး KNDF ရဲဘော်နှစ်ဦးနှင့် PDF မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီး အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီ တပ်မ‌တော်(KA)၊ KNDF ၊ PDF (ဖယ်ခုံ)နှင့် PDF (မိုးဗြဲ) တို့မှ ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း KNDF က ထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ ၂ ရက်)က အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွယ်ဝှဲကျေးရွာဘက်မှ လူအင်အား ၂ဝဝဖြင့် စစ်ကြောင်းချီလာလာရာမှ ညနေပိုင်းမှစ၍ ထိတွေ့ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စစ်ဘက်မှ ငါးဦးသေဆုံးခဲ့ပြီး KNDF ရဲဘော်နှစ်ဦးနှင့် PDF မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

“ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို လုံခြုံတဲ့နေရာဆီပို့ထားပြီးပါပြီ။ဒဏ်ရာက အပြင်းအထန် မဟုတ်ပါဘူး”ဟု KNDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ထိစပ်သော လွယ်ဝှဲနှင့် ပင်ပုံကျေးရွာတို့မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်သည်။

ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးလာသဖြင့် လွယ်ဟွဲကျေးရွာမှ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွယ်ဝှဲကျေးရွာတွင် တပ်စွဲလျက်ပင်ရှိကြောင်း KNDF က ဆိုသည်။

(KNDF ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook