Connect with us

Hi, what are you looking for?

News

မတူပီသို့ စစ်အင်အားပို့ပြန်လာသည့် စစ်ကောင်စီတပ်ကို ချင်းတပ်ဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့ အသင့်အနေအထားဖြစ်နေပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိသည်ဟုဆိုသည်။

ချင်းပြည်နယ် မင်းတပ်မှ မတူပီမြို့သို့ စစ်အင်အား ပို့ဆောင်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။

အောက်တိုဘာလကုန်ပိုင်းက မတူပီစစ်ဗျူဟာသို့ စစ်အင်အားပို့ပြီး ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကြောင်း၊ ချင်းလက်နက်ကိုင် တပ်ဖွဲ့ဝင်များက ကြိုတင်အကာ အကွယ်ယူ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်မှုမရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့ကလည်း မတူပီမြို့မှ ဆင်းလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို မင်းတပ်အနောက်ဘက် မိုင် ၅၀တွင် မင်းတပ်မြို့နယ် ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့ (CDF)က ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း နိုဝင်ဘာ ၂ရက်တွင် ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် CDFမှ စစ်ကောင်စီတပ်၏ မြေတူးစက်တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ နှစ်ဖက်ထိခိုက်မှုကို သီးခြားအတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့ အသင့်အနေအထားဖြစ်နေပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိသည်ဟုဆိုသည်။

ထို့အပြင် ပြည်သူများအနေဖြင့် တော်လှန်ရေးတွင် တက်နိုင်သည့် ဘက်က ပါဝင်ပေးစေလိုသည်ဟုလည်း မင်းတပ် CDFက တောင်းဆိုထားသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီဒေသသို့ အင်အားဖြည့်တင်းရန် စစ်ကောင်စီတပ်သည် မိုင် ၁၀၀ ကျော်သာဝေးသည့် မင်းတပ်မှ မတူပီသို့ အောက်တိုဘာလလယ်က ထွက်ခွာသွားခြင်းဖြစ်ပြီး စစ်ရေးနှင့် မြေပြင် လမ်းအခြေ အနေများကြောင့် နှစ်ပတ်ကျော်ကြာမြင့်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။