Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်အစပ်နေရာများတွင်တိုက်ပွဲပြင်းထန်နေ

“ပွဲတော့ စပြီ။ ဆုတောင်း‌ပေးပြီး သတင်းကောင်းနားစွင့်ကြပါ” ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်(CNF)မှပြန်ကြားရေးတာဝန်ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ် အစပ်နေရာများတွင် ယနေ့(နိုဝင်ဘာ ၃ ရက်) နံနက်ကစ၍ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် ချင်းပြည်နယ် ထိစပ်နေရာများတွင် အရပ်သားများရှိနေရာ ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ ယနေ့ နံနက် ၆နာရီခန့် ကစ၍အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ပွဲတော့ စပြီ။ ဆုတောင်း‌ပေးပြီး သတင်းကောင်းနားစွင့်ကြပါ” ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်(CNF)မှပြန်ကြားရေးတာဝန်ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင်လည်းစစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် နံနက် ၉နာရီခန့်မှစတင်ကာ ရွာကိုစီးနင်းတိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်နတ်ချောင်းကျေးရွာမှ အရပ်သား သုံးဦး လက်နက်ကြီးထိမှန်ကာ တစ်ဦးသေဆုံးသွားသည်ဟု သတင်းရရှိသည်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်နေကြပြီး အရပ်သားများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း နတ်ချောင်းရွာဒေသခံတစ်ဦးကပြောသည်။

” အခြေအနေအရ နတ်မြောင်းရွာဘက်က ပြည်သူ့ဘက်တော်သားတွေက ဆုတ်ပေးလိုက်လို့ စစ်ခွေးတွေ ရွာထဲ၀င်နေပါပြီ။ နတ်ချောင်းရွာထဲအထိ ရောက်နေကြပြီး အတွဲလိုက် ပစ်ရမ်းနေကြတယ်လို့ သိရပါတယ်” ဟု နံနက် ၁၁နာရီခန့်အခြေအနေကို ဒေသခံတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် အသိပေး ထားသည်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲများ ပြင်းထန်နေပြီး လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး
နှင့် လုံခြုံရေးအခြေအနေများ ဆိုးရွားနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ယနေ့ (နိုဝင်ဘာ ၃ ရက်) ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။