Connect with us

Hi, what are you looking for?

News

မန္တလေးကျောက်ဝိုင်းအနီးဗုံးပေါက်ပြီး နာရီပိုင်းအကြာ ရပ်ကွက်ရုံးတစ်ရုံးတွင် ဗုံးထပ်ပေါက်

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးခန့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ကားဖြင့် ခေါ်ဆောင်သွားသည်ဟု GZP ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ယခင်ကတွေ့ရသည့် သန်လျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့ကျောက်ဝိုင်းအနီး ဗုံးပေါက်ကွဲပြီး နာရီပိုင်းအကြာတွင် မဟာအောင်မြေမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးတွင် ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့သည်။

ယင်းဖောက်ခွဲမှုကို ယနေ့(နိုဝင်ဘာ ၄)​နေ့လယ် ၁၂ နာရီကျော်တွင် GZP( Mandalay ) ပြည်သူ့ကာကွယ်ရေး ပြောက်ကြားတပ်ဖွဲ့မှ ပဒေသာအဖြစ် မိုင်းတစ်လုံးအား တပ်ဆင်ထားရှိကာ စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့် လာရောက်ရှင်းလင်းချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးခန့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ကားဖြင့် ခေါ်ဆောင်သွားသည်ဟု GZP ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ယနေ့နံနက်ပိုင်းကလည်း မန္တလေးကျောက်ဝိုင်းအနီး ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ရဲတပ်ကြပ်တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးမြို့သို့ ရောက်ရှိနေခြင်းကြောင့် တစ်မြို့လုံးနီးပါး လုံခြုံရေးတင်းကျပ်ထားချိန် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

GZP အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့သော မဟာအောင်မြေမြို့နယ် သန်လျှက်မှော်အနောက် အုပ်ချုပ်ရေးမှူးရုံးသည် စက်တင်ဘာ ၁၆ ရက်နှင့် ၂၈ ရက်တို့တွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည့် ရုံးတစ်ရုံး ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။