Connect with us

Hi, what are you looking for?

LuduNwayOo

News

၁၁ နှစ်ကြာဖော်ပြလာသောရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာအချက်အလက်များကို စစ်ကောင်စီဖယ်ရှား၊ ပြည်ပရင်းနှီးမြှပ်နှံမှုမရှိတော့၍ ၂၀၁၀ရှေ့စစ်အစိုးရခေတ်ကကဲ့သို့ပြန်လုပ်ခြင်းဟုသုံးသပ်

အာဏာလုစစ်ကောင်စီလက်ထက်တွင် ရင်းနှီးမြှပ်နှံမူများဝင်ရောက်မူမရှိသောကြောင့် ဖော်ပြရန် ကိန်းဂဏန်းများမရှိသောကြောင့် ယခုလိုပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ရင်းနှီးမြှပ်နှံမူဆိုင်ရာအကြံပေးကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ကတည်းက လစဉ်ဖော်ပြလာခဲ့သည့် ရင်းနှီးမြှပ်နှံမူနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များဖော်ပြထားမူကို အာဏာသိမ်းစစ်ကောင်စီ၏ ရင်းနှီးမြှပ်နှံမူကော်မရှင်က ဖယ်ရှားလိုက်သည်။

မြန်မာနိုင်ငံတွင် လစဉ်ဝင်ရောက်နေသည့်ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှပ်နှံမူဆိုင်ရာအချက်အလက်များကို ရင်းနှီးမြှပ်နှံမူနှင့် ကုမ္ပဏီများညွန့်ကြားမူဦးစီးဌာနဝက်ဆိုဒ်တွင် ၁၁ နှစ်ကြာပုံမှန်ဖော်ပြနေခဲ့ခြင်းဖြစ်ပြီးယခုအခါစစ်ကောင်စီကအဆိုပါအချက်အလက်များအားလုံးကို နိုဝင်ဘာလဆန်းတွင် ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

ဖယ်ရှားလိုက်သည့် စာရင်းများတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမူစာရင်းများ၊ နိုင်ငံသားရင်းနှီးမြှပ်နှံမူစာရင်းများနှင့်လစဉ်ကုမ္ပဏီထူထောင်သည့်စာရင်းများပါဝင်သည်။ ထိုစာရင်းများသည် နိုင်ငံအလိုက်နှင့် ကဏ္ဍအလိုက် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမူများကို လစဉ်နှင့် နှစ်စဉ် စာရင်းချုပ်များကို ၂၀၁၁ခုနှစ် ကတည်းပင် ဖော်ပြထားခြင်းဖြစ်သည်။

အာဏာလုစစ်ကောင်စီလက်ထက်တွင် ရင်းနှီးမြှပ်နှံမူများဝင်ရောက်မူမရှိသောကြောင့် ဖော်ပြရန် ကိန်းဂဏန်းများမရှိသောကြောင့် ယခုလိုပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ရင်းနှီးမြှပ်နှံမူဆိုင်ရာအကြံပေးကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဒါက ၂၀၁၀ ရှေ့ကခေတ်ကာလကို ပြန်သွားတဲ့အနေအထားဘဲ။ ရင်းနှီးမြှပ်နှံမူဆိုင်ရာတွေ ပွင့်လင်းမြင်သာမူမရှိတော့ဘူး။ သူတို့လက်ဝေခံ ကုမ္ပဏီတွေနဲ့တိုးတိုး တိတ်တိတ်အလုပ်တွေလုပ်ကြတော့မယ်”ဟု၎င်းကသုံးသပ်ပြောကြားသည်။

ထိုစာရင်းများတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမည့် ရင်းနှီးမြှပ်နှံမူလုပ်ငန်းများ၏ အမည်၊ ပမာဏ၊ လုပ်ငန်းအမျိုးအစား၊ ဝင်ရောက်သည့်နိုင်ငံ၊ လုပ်ငန်လုပ်ကိုင်မည့်ဒေသတို့ကိုအသေးစိတ်ဖော်ပြထားခြင်းဖြစ်သည်။ ထိုပြင် နှစ်စဉ် ဝင်ရောက်သည့် နိုင်ငံအလိုက် ရင်းနှီးမြှပ်နှံမူဆိုင်ရာ အနှစ်ချုပ်ကိန်းဂဏန်းများကိုလည်း ဖော်ပြထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့အာဏာသိမ်းထားသည့် ကာလအတွင်း ရင်းနှီးမြှပ်နှံမူများ ဝင်ရောက်သည်ဟု ပြောကြားခဲ့သည်သော်လည်း မည်သည့် ကဏ္ဍတွင်၊ မည့်သည်နိုင်ငံ၏ ကုမ္ပဏီက ဝင်ရောက်သည်ဟု ထုတ်ပြန်နိုင်ခြင်းမရှိတော့ပေ။သို့သော်စစ်ကောင်စီကခန့်အပ်ထားသည့် ဒုတိယစစ်ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ရင်းနှီးမြှပ်နှံမူကော်မရှင် ဥက္ကဌရာထူးဖြင့် နိုဝင်ဘာ ၃ ရက်တွင် ဒေါ်လာ သန်း ၂၀၀ကျော် ဖိုးရင်းနှီးမြှပ်နှံမူများ ခွင့်ပြုသည်ဟုစစ်ကောင်စီကသတင်းထုတ်ပြန်ထားလေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။