Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ဖို့ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ အမေရိကန်ထပ်မံတောင်းဆို

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ ဒီမိုကရေစီအတွက်ထားရှိတဲ့ မြန်မာပြည်သူလူထုရဲ့ ကတိ ကဝတ်ကိုဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး အများလက်ခံယုံကြည်တဲ့ အဆိုပါရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များကို ရေတွက်နေစဥ်)

ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင်ကို တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးက ၂၀၂၀ ရွေးကောက်ပွဲတစ်နှစ်ပြည့်နှစ်ပတ် လည်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ရတက်ပွားစရာအချို့ရှိခဲ့ပေမယ့် အများက ယုံကြည်လက်ခံပြီး ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုသန္နိဋ္ဌာန်ကို ထပ် လောင်းအတည်ပြုခဲ့တယ်လို့ လွတ်လပ်၊ အမှီအခိုကင်းတဲ့ လေ့လာစောင့်ကြည့်သူတွေက အစီရင်ခံခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ ဒီမိုကရေစီအတွက်ထားရှိတဲ့ မြန်မာပြည်သူလူထုရဲ့ ကတိ ကဝတ်ကိုဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး အများလက်ခံယုံကြည်တဲ့ အဆိုပါရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ရဲ့ နောက်ဆက်တွဲလုပ်ဆောင်နေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေက လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို ပိုမိုထိပါးနှောက်ယှက်နေခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ ပြည်သူထောင်နဲ့ချီသတ်ဖြတ်မှုတွေနဲ့ အခြားသော ဖိနှိပ်ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားဖို့ အမေရိကန်က ကတိကဝတ်ပြုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်‌ပေးဖို့လည်း အမေရိကန်က ထပ်မံတောင်းဆိုပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနဲ့ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့၊ ယင်းသို့ကြိုးပမ်းအားထုတ်ရင်း အသက်ပေးခဲ့ကြရတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော်အပါအဝင် မြန်မာပြည်သူ လူထုကြီးကို ဂုဏ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။