Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ဖို့ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ အမေရိကန်ထပ်မံတောင်းဆို

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ ဒီမိုကရေစီအတွက်ထားရှိတဲ့ မြန်မာပြည်သူလူထုရဲ့ ကတိ ကဝတ်ကိုဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး အများလက်ခံယုံကြည်တဲ့ အဆိုပါရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များကို ရေတွက်နေစဥ်)

ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင်ကို တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးက ၂၀၂၀ ရွေးကောက်ပွဲတစ်နှစ်ပြည့်နှစ်ပတ် လည်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ရတက်ပွားစရာအချို့ရှိခဲ့ပေမယ့် အများက ယုံကြည်လက်ခံပြီး ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုသန္နိဋ္ဌာန်ကို ထပ် လောင်းအတည်ပြုခဲ့တယ်လို့ လွတ်လပ်၊ အမှီအခိုကင်းတဲ့ လေ့လာစောင့်ကြည့်သူတွေက အစီရင်ခံခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ ဒီမိုကရေစီအတွက်ထားရှိတဲ့ မြန်မာပြည်သူလူထုရဲ့ ကတိ ကဝတ်ကိုဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး အများလက်ခံယုံကြည်တဲ့ အဆိုပါရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ရဲ့ နောက်ဆက်တွဲလုပ်ဆောင်နေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေက လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို ပိုမိုထိပါးနှောက်ယှက်နေခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ ပြည်သူထောင်နဲ့ချီသတ်ဖြတ်မှုတွေနဲ့ အခြားသော ဖိနှိပ်ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားဖို့ အမေရိကန်က ကတိကဝတ်ပြုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်‌ပေးဖို့လည်း အမေရိကန်က ထပ်မံတောင်းဆိုပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနဲ့ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့၊ ယင်းသို့ကြိုးပမ်းအားထုတ်ရင်း အသက်ပေးခဲ့ကြရတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော်အပါအဝင် မြန်မာပြည်သူ လူထုကြီးကို ဂုဏ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။