Connect with us

Hi, what are you looking for?

News

စစ်တပ်စွပ်စွဲတဲ့ ရွေးကောက်ပွဲမဲမသမာမှု အထောက်အ ထားလုံး၀မခိုင်လုံတဲ့အတွက် အာဏာသိမ်းမှုကို ရှုတ်ချတယ်လို့ ဗြိတိန်ကြေညာ

မြန်မာပြည်သူတွေရဲ့ တရားဝင်မှုစိတ်ဆန္ဒတွေကို လေးစားဖို့ ပြင်သစ်သံအမတ်ကြီးက တိုက်တွန်းပါတယ်။

(စစ်တပ်အာဏာသိမ်းမှု​ကြောင့် ကန့်ကွက်ဆန္ဒပြ​နေသည်ကို ​ဖေ​ဖော်ဝါရီလက ​တွေ့ရစဥ်)

ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရစနစ်ကိုပြန်သွားဖို့ ပြင်သစ်သံအမတ်ကြီးတောင်းဆို

မြန်မာစစ်တပ်က စွပ်စွဲတဲ့ ရွေးကောက်ပွဲမဲမသမာမှုတွေဟာ အထောက်အထားခိုင်လုံမှု လုံး၀မရှိတဲ့အတွက် စစ်အာဏာသိမ်းမှုကို ရှုတ်ချတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ဒီနေ့ (နိုဝင်ဘာ ၈ ရက်) ထုတ်ပြန် ကြေညာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ (၁)နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက “စစ်တပ်ရဲ့ စွပ်စွဲချက်တွေဖြစ်တဲ့ မဲမသမာမှုတွေဟာ အထောက်အထားခိုင်လုံမှု လုံးဝမရှိတဲ့အတွက် စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ယူကေအစိုးရက ထပ်လောင်းပြောကြားလိုပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထုဟာ ကာလရှည်ကြာစွာတည်ရှိနေတဲ့ ဒီမိုကရေစီ ဆန္ဒကို ရှင်းရှင်း လင်းလင်း ဖော်ပြနိုင်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးအတွက် စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကိ လွှတ်ပေးရမယ့်အပြင် တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတစ်နှစ်ပြည့်နဲ့ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးတွေက ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပြီး စစ်တပ်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးထိန်းသိမ်းခံနိုင်ငံ့ခေါင်းဆောင်တွေကိုပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ တိုက်တွန်းထုတ်ပြန်ကြပါတယ်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy ကလည်း ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် သူတို့ရဲ့ဆန္ဒကို ထုတ် ဖော်ပြသခဲ့ကြောင်းနဲ့ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရစနစ်ကိုပြန်သွားဖို့ တောင်းဆိုကြောင်း ထပ်လောင်းပြောကြားပါတယ်။

မြန်မာပြည်သူတွေရဲ့ တရားဝင်မှုစိတ်ဆန္ဒတွေကို လေးစားဖို့ ပြင်သစ်သံအမတ်ကြီးက တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့