Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာက မိုးတားလေးကျေးရွာ စစ်ကောင်စီလက်နက်ကြီးဒဏ်ကြောင့် နေအိမ် ၁၁ လုံးမီးလောင်၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

နေအိမ် ၁၁ လုံးမီးလောင်သွားသလို ကလေးငယ်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့မိုးတားလေးကျေးရွာတွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင် ၊မိုးတားလေးကျေးရွာမှာ စစ်တပ်ရဲ့လက်နက်ကြီး ဒဏ်ကြောင့် ဒေသခံတွေ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

မိုးတားလေးကျေးရွာထဲကို မနေ့က နိုဝင်ဘာလ ၈ ရက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ထုပြီးနောက် နေအိမ်တွေ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

နေအိမ် ၁၁ လုံးမီးလောင်သွားသလို ကလေးငယ်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့မိုးတားလေးကျေးရွာတွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

“မီးကတော့ မနေ့ညကတည်းက ငြိမ်းသွားပြီ၊ ရွာက အိမ်တွေမှာ လူသိပ်မကျန်ခဲ့ဘူး၊ ကလေးတွေ အမျိုးသမီးတွေကော မြစ်တစ်ဘက်ကမ်းကိုတိမ်းရှောင်နေကြတယ်၊စစ်တပ်ကတော့ အခုထိရွာထဲမှာရှိနေတုန်းပဲ”လို့ ရွာသားတစ်ဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

မိုးတားလေးကျေးရွာမှာ အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး အများစုဟာ ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းတွေ ၊ မြစ်တစ်ဖက်ကမ်းရှိ ကျေးရွာတွေကို တိမ်းရှောင်နေရပါတယ်။

ကသာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က အင်အားသုံး ထိုးစစ်ဆင်လာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့တိုက်ပွဲတွေဖြစ်နေတာပါ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။