Connect with us

Hi, what are you looking for?

News

ကသာက မိုးတားလေးကျေးရွာ စစ်ကောင်စီလက်နက်ကြီးဒဏ်ကြောင့် နေအိမ် ၁၁ လုံးမီးလောင်၊ ကလေးငယ်တစ်ဦး ဒဏ်ရာရ

နေအိမ် ၁၁ လုံးမီးလောင်သွားသလို ကလေးငယ်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့မိုးတားလေးကျေးရွာတွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင် ၊မိုးတားလေးကျေးရွာမှာ စစ်တပ်ရဲ့လက်နက်ကြီး ဒဏ်ကြောင့် ဒေသခံတွေ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

မိုးတားလေးကျေးရွာထဲကို မနေ့က နိုဝင်ဘာလ ၈ ရက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ထုပြီးနောက် နေအိမ်တွေ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

နေအိမ် ၁၁ လုံးမီးလောင်သွားသလို ကလေးငယ်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့မိုးတားလေးကျေးရွာတွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

“မီးကတော့ မနေ့ညကတည်းက ငြိမ်းသွားပြီ၊ ရွာက အိမ်တွေမှာ လူသိပ်မကျန်ခဲ့ဘူး၊ ကလေးတွေ အမျိုးသမီးတွေကော မြစ်တစ်ဘက်ကမ်းကိုတိမ်းရှောင်နေကြတယ်၊စစ်တပ်ကတော့ အခုထိရွာထဲမှာရှိနေတုန်းပဲ”လို့ ရွာသားတစ်ဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

မိုးတားလေးကျေးရွာမှာ အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး အများစုဟာ ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းတွေ ၊ မြစ်တစ်ဖက်ကမ်းရှိ ကျေးရွာတွေကို တိမ်းရှောင်နေရပါတယ်။

ကသာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က အင်အားသုံး ထိုးစစ်ဆင်လာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့တိုက်ပွဲတွေဖြစ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။