Connect with us

Hi, what are you looking for?

News

သိန္နီတွင်စစ်​ကောင်စီတိုက်​လေယာဥ်တစ်စင်းကို အ​မြောက်ဖြင့်ပစ်ချဆိုသောသတင်း ​ဒေသခံများမသိ

သိန္ဒိမြို့ခံများအား ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဥ် ဖြစ်ပွားသည်ဟု မကြားမိကြောင်း ပြောသည်။

သတင်းအမှားတင်မိသည့်အတွက်​တောင်းပန်​ကြောင်းTNPDF ထပ်မံ​ဖော်ပြ

—People’s Spring

စစ်ကောင်စီ၏ တိုက်လေယာဉ်ကို သိန္နီ PDF က အ​မြောက်ဖြင့်ပစ်ချလိုက်သည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော်လည်း မြေပြင်တွင်း ယင်းဖြစ်ရပ်ကိုမသိရသေးကြောင်း ဒေသခံများကပြောသည်။

သိန္ဒီ ပြည်သူကာကွယ်ရေးအဖွဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်သည်ဆို​သော TNPDFကမူ ၎င်းတို့၏ ​ပြောက်ကြားအဖွဲ့ ၈ အ​မြောက်ပစ်သမား၏ ​လေးချက်​မြောက်တွင်စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီး ပျက်ကျသွားသည်ဟုမြေပြင်သတင်းအချက်လက်​​ထောက်လှမ်းရေး မှပေးပို့သည်ဟုဆိုကာဓါတ်ပုံအချို့နှင့် ယ​နေ့ ည​ဦးပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သိန္ဒိမြို့ခံများအား ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဥ် ဖြစ်ပွားသည်ဟု မကြားမိကြောင်း ပြောသည်။

” တကယ်ဆို ကျွန်တော်တို့ သိရမှာ။ အခုထိ ဘာမှ မကြားဘူး။ လိုင်းပေါ်မှာပဲ သတင်းတွေ့တာ။ မြေပြင်မှာက မထူးဘူး”ဟု သိန္ဒီမြို့ခံတစ်ဦးကပြောသည်။

အွန်လိုင်းသတင်းဌာနတစ်ခုက” စစ်ကောင်စီ၏ တိုက်လေယာဉ်ကို သိန္နီ PDF က ပစ်ချလိုက်ကြောင်း နိုဝင်ဘာလ ၉ရက် ည ၆နာရီခန့်က ထုတ်ပြန်ထားသည်။ ပစ်ချလိုက်သည့်နေရာနှင့် ဖြစ်စဉ်ကို အတည်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်” ဟု ဆိုကာထပ်မံ​ဖော်ပြထားသဖြင့်ဖေ့ဘွတ်စ်သုံးစွဲသူများကြား၌ ယင်းသတင်း ပျံ့နှံ့နေသည်။

သို့​သော်သိန္ဒီနှင့် ဒေသချင်းဆက်စပ်နေသော ကွတ်ခိုင်မြို့ခံများကလည်း စစ်တပ်ရဟတ်ယာဥ် ပစ်ချခံရသည့်သတင်း မကြားမိကြောင်းပြောသည်။

စစ်​ရေး​သတင်းများ​ရေး​လေ့ရှိ​သောသတင်း​ထောက်အချို့ကတိုက်​လေယာဥ်ကို အ​မြောက်ဖြင့်ပစ်ချသည်ဆိုသည်မှာ မဖြစ်နိုင်​ကြောင်းလည်းသုံးသပ်​နေကြသည်။

အဆိုပါ သတင်းမှာသတင်းအမှားဖြစ်​ကြောင်း ၊မှားယွင်းတင်ခဲ့မိသည့်အတွက်​တောင်းပန်​ကြောင်း TNPDF က ယ​နေ့ည ၉ နာရီ​ကျော်တွင်ပြန်လည်​ရေးသား​ဖော်ပြခဲ့သည်။

“ကျွန်ုပ်တို့သတင်းတင်တာ စောသွားတဲ့ အမှားကြီး မှားပါတယ် ခင်ဗျာ ပြည်သူကိုလှည့်စားသလိူဖြစ်သွားတဲ့တွက်တော်လှန်ရေးကို ပုံရိပ်ကို ညှိစွန်းစေပါတယ် ခင်ဗျာ လေယာဥ်ပျက်ကျတာ မဟုတ်ပါဘူး လေယာဥ်က ဗုံးကြဲလိုက်တဲ့အတွက် ကျ​နော် တို့ဖက်မှ ပုံရိုက်ကူးရေးသမားမှ ရိုက်လိုက်တဲ့ပုံဖြစ်ပြီး တပ်ပြန်ဆုပ်လာတာပါခင်ဗျာ သတင်းရယူမူ အမှားဖြစ်သွားတဲ့ ပြည်သူကို ဝန်ချတောင်းပန်အပ်ပါတယ် ခင်ဗျာ” ဟု​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။