Connect with us

Hi, what are you looking for?

News

လမ်းမတော် အုပ်ချုပ်​ရေးမှူးရုံးအနီး ဗုံးသုံးလုံးထက်မနည်းပေါက်ကွဲပြီး ကားတစ်စီးမီးလောင်

လက်ရှိတွင် လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် ဘုန်းကြီးလမ်းတို့ကို ပိတ်ဆို့၍ အကြမ်းဖက်စစ်​ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေးနေကြောင်း ဒေသခံအချို့က ​ပြောသည်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ယနေ့ ( နိုဝင်ဘာ ၁၀ ရက်) နံနက် ၈နာရီကျော်က ဗုံးသုံးလုံးထက်မနည်းပေါက်ကွဲပြီး ကားတစ်စီး မီးလောင်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

” အထွေထွေအုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးတွေ သုံး​လေး လုံးလောက် ပေါက်တာပါ။ ပထမနှစ် လုံးလောက် ပေါက်ပြီး လူတွေ သွားထွက်ကြည့်နေတုန်း တစ်လုံး ထပ်ပေါက်တဲ့ အသံကြားလိုက်ရတယ်။ ကားတစ်စီးလည်း မီးလောင်နေတာ တွေ့ရတယ်။ ဘယ်သူ့ကားမှန်းတော့ မသိပါဘူး။ ရဲတွေ၊ စစ်သားတွေ အများကြီးရောက်နေပြီး လူတွေကို လာမကြည့်ဖို့ ကြည့်ရင် ပစ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက်နေပါတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် ဘုန်းကြီးလမ်းတို့ကို ပိတ်ဆို့၍ အကြမ်းဖက်စစ်​ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေးနေကြောင်း ဒေသခံအချို့က ​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။