Connect with us

Hi, what are you looking for?

News

မုံရွာမြို့နယ်မှ​ရေယာဥ်များ ယ​နေ့မှစ၍ချင်းတွင်းမြစ်အတွင်းအစုန်အဆင်းမလုပ်ရန်ပြည်သူ့ကာကွယ်​ရေးအဖွဲ့​မေတ္တာရပ်ခံ

အကြမ်းဖက်စစ်ကောင်စီသည် ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့သွားလာရန်နှင့်စစ်လက်နက်ပစ္စည်းများတင်ပို့ရန် ချင်းတွင်းမြစ်ကိုအသုံးပြုနေပြီး မြစ်အတွင်း အစုန်အဆန်ခရီးစဉ်များအတွက် ရေယာဉ်အချို့ကို ချောဆွဲရန်စီစဉ်နေကြောင်းဒေသခံအချို့ကပြောသည်။

(ချင်းတွင်းမြစ်အတွင်းတွေ့ရသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဥ်တစ်စီး)

မုံရွာမြို့နယ်အတွင်းရှိ ကုန်တင်မော်တော်ရေယာဥ်များ၊ ခရီးသွားမော်တော်ရေယာဥ်များအနေဖြင့်ယနေ့မှစပြီးချင်းတွင်းမြစ်အတွင်း မုံရွာမှ ဟုမ္မလင်းအထိ အစုန်အဆန်
မပြုလုပ်ကြရန် မြစ်ရိုးတစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံသည်။

ချင်းတွင်းမြစ်ငမ်းတွင်မုံရွာမြို့နယ်အတွင်းရှိ ကုန်တင်မော်တော်ရေယာဥ်များ၊ ခရီးသွားမော်တော်ရေယာဥ်များအနေဖြင့်မုံရွာမှ ဟုမ္မလင်းအထိ အစုန်အဆန် မပြုလုပ်ကြရန်ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ညီနောင်မဟာမိတ် ပြည်သူ့ဘက်တော်သား တပ်ဖွဲ့များမှ ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီမှစတင်၍ အစုန်အဆန်မပြုလုပ်ကြရန် မေတ္တာရပ်ခံ အသိပေးခဲ့သည်။ ပြန်လည်ဖြတ်သန်းခွင့်ပြုမည့်အချိန်နှင့် နေ့ရက်ကို ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟုမုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDFက ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီသည် ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့သွားလာရန်နှင့်စစ်လက်နက်ပစ္စည်းများတင်ပို့ရန် ချင်းတွင်းမြစ်ကိုအသုံးပြုနေပြီး မြစ်အတွင်း အစုန်အဆန်ခရီးစဉ်များအတွက် ရေယာဉ်အချို့ကို ချောဆွဲရန်စီစဉ်နေကြောင်းဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။