Connect with us

Hi, what are you looking for?

News

မုံရွာမြို့နယ်မှ​ရေယာဥ်များ ယ​နေ့မှစ၍ချင်းတွင်းမြစ်အတွင်းအစုန်အဆင်းမလုပ်ရန်ပြည်သူ့ကာကွယ်​ရေးအဖွဲ့​မေတ္တာရပ်ခံ

အကြမ်းဖက်စစ်ကောင်စီသည် ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့သွားလာရန်နှင့်စစ်လက်နက်ပစ္စည်းများတင်ပို့ရန် ချင်းတွင်းမြစ်ကိုအသုံးပြုနေပြီး မြစ်အတွင်း အစုန်အဆန်ခရီးစဉ်များအတွက် ရေယာဉ်အချို့ကို ချောဆွဲရန်စီစဉ်နေကြောင်းဒေသခံအချို့ကပြောသည်။

(ချင်းတွင်းမြစ်အတွင်းတွေ့ရသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဥ်တစ်စီး)

မုံရွာမြို့နယ်အတွင်းရှိ ကုန်တင်မော်တော်ရေယာဥ်များ၊ ခရီးသွားမော်တော်ရေယာဥ်များအနေဖြင့်ယနေ့မှစပြီးချင်းတွင်းမြစ်အတွင်း မုံရွာမှ ဟုမ္မလင်းအထိ အစုန်အဆန်
မပြုလုပ်ကြရန် မြစ်ရိုးတစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံသည်။

ချင်းတွင်းမြစ်ငမ်းတွင်မုံရွာမြို့နယ်အတွင်းရှိ ကုန်တင်မော်တော်ရေယာဥ်များ၊ ခရီးသွားမော်တော်ရေယာဥ်များအနေဖြင့်မုံရွာမှ ဟုမ္မလင်းအထိ အစုန်အဆန် မပြုလုပ်ကြရန်ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ညီနောင်မဟာမိတ် ပြည်သူ့ဘက်တော်သား တပ်ဖွဲ့များမှ ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီမှစတင်၍ အစုန်အဆန်မပြုလုပ်ကြရန် မေတ္တာရပ်ခံ အသိပေးခဲ့သည်။ ပြန်လည်ဖြတ်သန်းခွင့်ပြုမည့်အချိန်နှင့် နေ့ရက်ကို ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟုမုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDFက ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီသည် ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့သွားလာရန်နှင့်စစ်လက်နက်ပစ္စည်းများတင်ပို့ရန် ချင်းတွင်းမြစ်ကိုအသုံးပြုနေပြီး မြစ်အတွင်း အစုန်အဆန်ခရီးစဉ်များအတွက် ရေယာဉ်အချို့ကို ချောဆွဲရန်စီစဉ်နေကြောင်းဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။