Connect with us

Hi, what are you looking for?

News

ငြိမ်းချမ်းရေးပွဲစားအဖွဲ့ကို လုပ်ကြံသတ်ဖြတ်ဖို့ NUG အစိုးရအဖွဲ့ လုံး၀ဆွေးနွေးခြင်းမရှိဘူးလို့ ဝန်ကြီးဒေါက်တာတူးခေါင်ပြော

“ကျနော်ပါနေတဲ့ NUG Cabinet မှာ တခါမှ အဲ့ဒီလို လုပ်ကြံသတ်ဖြတ်ဖို့ကိစ္စ ယောင်လို့တောင် မဆွေးနွေးဖူးသလို ဘက်ဂျက်ချပေးတာလဲ မရှိဘူး”လို့ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ရေးသားထားပါတယ်။

People's Spring
People's Spring

ငြိမ်းချမ်းရေးပွဲစားအဖွဲ့ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကက်ဘိနက်အစည်းအဝေးမှာ လုံး၀ဆွေးနွေးခြင်းမရှိသလို ဘတ်ဂျက်ချပေးထားခြင်း မရှိဘူးလို့ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ရှင်းလင်းထားပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကစလို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေအဖြစ် လုပ်ဆောင်ခဲ့တဲ့ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦးနဲ့ ဦးအောင်နိုင်ဦးတို့ဟာ သူတို့ကို NUG/PDF က လုပ်ကြံသတ်ဖြတ်ဖို့ ခြိမ်းခြောက်စာပေးပို့တယ်ဆိုပြီး သံတမန်တစ်ဦးထံ အကူအညီ တောင်းခံတဲ့စာ ထွက်ပေါ်လာတဲ့အပေါ် NUG ရဲ့ ပြည်ထောင်စုဝန်ကြီးက တုံ့ပြန်ဖြေရှင်းတာဖြစ် ပါတယ်။

“ကျနော်ပါနေတဲ့ NUG Cabinet မှာ တခါမှ အဲ့ဒီလို လုပ်ကြံသတ်ဖြတ်ဖို့ကိစ္စ ယောင်လို့တောင် မဆွေးနွေးဖူးသလို ဘက်ဂျက်ချပေးတာလဲ မရှိဘူး”လို့ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ရေးသားထားပါတယ်။

ဆက်လက်ပြီး ဝန်ကြီးဒေါက်တာတူးခေါင်က “ကျနော်တို့ NUG အနေနဲ့က ဒီလို ဥပဒေမဲ့ သတ်ဖြတ်မှုမျိုး အားလုံးကို ချုပ်ငြိမ်းနိုင်ဖို့ကြိုးစားနေတာပါ။ NUG ရဲ့ PDF အဖွဲ့တွေအတွက်လိုက်နာရမယ့် Code of Conduct တွေကို ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်”လို့ ရေးသားပါတယ်။

Public Service Announcement

Public Service Announcement

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန် ကြီး ဒေါက်တာဆာဆာတို့ကလည်း အဲဒီလိုလုပ်ကြံသတ်ဖြတ်ဖို့ NUG မှာ ရည်ရွယ်ချက်နဲ့ မူဝါဒ မရှိဘူးလို့ သတင်းမီဒီယာအချို့ကို ဖြေကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ