Connect with us

Hi, what are you looking for?

News

စစ်ကိုင်းမှ ပျူ​စောထီးတစ်ဦးအသတ်ခံရ၊ ရပ်​ကျေးအုပ်ချုပ်​ရေးမှူးအိမ်ဗုံးကွဲ

“သူသတင်းပေးလို့ ရပ်ရွာကတိမ်းရှောင်နေရတဲ့သူတွေလည်းရှိတယ်ပြောတယ်။ သူသေမသေတော့မသိရသေးဘူး။”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ယမန်နေ့ညက ပျူစောထီးအဖွဲ့ဝင်တစ်ဦးရှင်းလင်းခံရပြီး စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးအိမ် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက် ည ၈း၃၀ ခန့်ကစစ်ကိုင်းမြို့နယ်၊ ဆင်မြေရွာမှ တပ်ကြပ်ကြီးတတစ်ဦး၏ညီဖြစ်သူ၊ စစ်ကောင်စီသတင်းပေးလည်းဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်ဟုလည်း လူပြောများနေသူ အမျိုးသားတစ်ဦးအား အဖွဲ့တစ်ဖွဲ့ကလာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

“သူသတင်းပေးလို့ ရပ်ရွာကတိမ်းရှောင်နေရတဲ့သူတွေလည်းရှိတယ်ပြောတယ်။ သူသေမသေတော့မသိရသေးဘူး။”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် ညနေ ၆ နာရီဝန်းကျင်ကလည်း စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာရှိ စစ်ကောင်စီခန် အုပ်ချုပ်ရေးမှုး နေအိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

လူထိခိုက်မှုမရှိဘဲ သတိပေးရုံဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း၊ အဆိုပေါက်ကွဲမှုဖြစ်ပွားအပြီး ည၇နာရီ ၃၀မိနစ်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်သွားကြောင်း ဒေသခံများက ​ပြောသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း ဆင်မြေရွာရှိ ပျူစောထီးခေါင်းဆောင်တစ်ဦးအား အဖွဲ့တစ်ခုမှလာရောက်ပစ်ခတ်သွားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။