Connect with us

Hi, what are you looking for?

News

ဟားခါးမြို့နယ် ခွာဘယ်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ မြို့ပေါ်ရှိစစ်ကောင်စီဂိတ်ကို ချင်းပူးပေါင်းတပ် တိုက်ခိုက်

ပလက်၀မြို့နယ် ဆမီးဒေသတိုက်ပွဲနှင့် မတူပီမြို့အနီး တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုရှိခဲ့သည်။

(ချင်းအမျိုးသားတပ်ဦး(CNF) တပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်)

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲငယ်များ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံးနှစ်ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

နိုဝင်ဘာ ၁၅ရက်တွင် ဟားခါးမြို့နယ် ခွာဘယ်ရွာဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ ပူးပေါင်းပြီးခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

“၁၅ရက်ညနဲ့ ၁၆ရက် မနက်ပိုင်းမှာ ဟားခါးမြို့နယ်ထဲက ခွာဘယ်ကျေးရွာဆိုတဲ့နေရာမှာ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်တာပေါ့။စစ်ကောင်စီတွေ ၂ယောက်ကျတာပေါ့ အဲဒါ မျက်မြင်အရပေါ့။ ၁၆ရက် ညမှာ ဟားခါးမြို့ထဲမှာ စစ်ကောင်စီ လုံခြုံရေးယူထားတဲ့ ဂိတ်တစ်ခုကို တစ်ခါတည်းနဲ့ ဝင်ပစ်တာပေါ့။အဲဒါက ညဆိုတော့ အသေအပျောက်တွေဘာတွေတော့ မသိလိုက်ဘူး”ဟု ဆလိုင်းထက်နီက ပြော သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မတူပီမြို့နယ်နှင့် ပလက်၀မြို့နယ်များတွင်လည်း ကျေးလက်ဒေသများထိ ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆို သည်။

Public Service Announcement

Public Service Announcement

ယခုနိုဝင်ဘာအတွင်း မတူပီ – ပလက်၀လမ်းနှင့် မတူပီ – မင်းတပ်လမ်းတွင် စစ်ကောင်စီတပ်များကို ဒေသခံ CDF တပ်များက တိုက်ခိုက်ခဲ့၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ မတူပီ – မင်းတပ်လမ်း၌ စစ်ကောင်စီယာဉ်တန်းကို နိုဝင်ဘာ ၂ရက်မှ ၁၀ရက်အထိ မင်းတပ် CDFက ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၂ကြိမ်ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၇၀ခန့်သေဆုံးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပလက်၀မြို့နယ် ဆမီးဒေသတိုက်ပွဲနှင့် မတူပီမြို့အနီး တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။