Connect with us

Hi, what are you looking for?

News

ကန်ပက်လက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ သုံးဦး လက်နက်နှစ်လက်လုယူပြီးထွက်ပြေး လွတ်မြောက်

“သူတို့ သုံးယောက်စလုံးကို မနက်ပိုင်းက ဆောဘက်ကို လူသားဒိုင်းသဘောမျိုးနဲ့ သွားခိုင်းတာ။ လမ်းမှာ ခဏနားနေတဲ့အချိန်မှာ သူတို့ သေနတ်နှစ်လက်ယူပြီး သုံးယောက်စလုံးထွက်ပြေးသွားတာ”ဟု ချင်းဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

ချင်းပြည်နယ် ကန်ပက်လက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လူငယ်အချို့သည် စစ်ကောင်စီတပ် ၏ လက်နက်အချို့ကို လုယူပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ချင်းဒေသခံနှင့် ချင်းလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူအချို့က ပြောသည်။

ယခင်နေ့များက ဖမ်ဆီးထားသည့် ကန်ပက်လက်ဒေသခံ နှစ်ဦးနှင့် ဆောဒေသခံတစ်ဦးကို ကန်ပက်လက် ရဲစခန်း၌ ချုပ်ထားပြီးနောက် ယနေ့(နိုဝင်ဘာ ၁၇ရက်) နံနက်တွင် အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ်၏ စစ်ကြောင်းတွင် လမ်းပြဆိုကာ လူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင်စဉ် ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်ဟုဆိုသည်။

“သူတို့ သုံးယောက်စလုံးကို မနက်ပိုင်းက ဆောဘက်ကို လူသားဒိုင်းသဘောမျိုးနဲ့ သွားခိုင်းတာ။ လမ်းမှာ ခဏနားနေတဲ့အချိန်မှာ သူတို့ သေနတ်နှစ်လက်ယူပြီး သုံးယောက်စလုံးထွက်ပြေးသွားတာ”ဟု ချင်းဒေသခံတစ်ဦးက ပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကကလည်း “သူကတေ့ာ လုံခြုံတဲ့နေရာတော့ ရောက်ရှိပြီ” ဟု ပြောသည်။ ထွက်ပြေးလာသူ လူငယ်အချို့သည် စစ်ကောင်စီတပ်၏ လက်နက်အချို့ကို ယူဆောင်လာသည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

The Chin Journal ကလည်း ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည့် CDF ကန်ပက်လက် ရဲဘော် နှစ်ဦးနှင့် Yaw PDF ရဲဘော်တစ်ဦးတို့အား ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီ တပ် သားများက ဆောဖက်သို့ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခဲ့ရာ နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ်သားများ၏ သေနတ်နှစ်လက်ကို လုယူပြီး သုံးဦးစလုံး အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။