Connect with us

Hi, what are you looking for?

News

မုံရွာတွင် ကင်းသိမ်းပြန်လာ​သောစစ်​ကောင်စီယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက်

အဆိုပါ အကြမ်းဖက်စစ်ကောင်စီအား အဝေးထိန်းမိုင်းဖြင့် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကား၁စီးပျက်စီးခဲ့ပြီး Monywa NightKingအဖွဲ့နှင့်သံမဏိအဖွဲ့သားများမှ ပူးပေါင်းဆောင်ရွက်သည်ဟု ၎င်းတို့က အသိပေးသည်။

(အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ။ ပုံအ​ဟောင်းဖြစ်ပါသည်။)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့ညက ကင်းသိမ်းပြန်လာသော စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက် ည ၁၁ နာရီဝန်းကျင်က မုံရွာမြို့အတွင်းမှ နမခဘက်သို့ ကင်းသိမ်းပြန်လာသော စစ်ကားသုံးစီးအား အိုးဘိုတောင်တံတားနှင့် ငါးဒိုင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဥ်အချို့ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီအား အဝေးထိန်းမိုင်းဖြင့် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကား၁စီးပျက်စီးခဲ့ပြီး Monywa NightKingအဖွဲ့နှင့်သံမဏိအဖွဲ့သားများမှ ပူးပေါင်းဆောင်ရွက်သည်ဟု ၎င်းတို့က အသိပေးသည်။

စစ်ကောင်စီတပ်မှ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ၎င်းတို့ထိခိုက်မှုအခြေအနေမသိနိုင်ကြောင်း၊ အဖွဲ့သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု Monywa NightKingအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

မွန်းလွဲ ၂ နာရီ ခွဲဝန်းကျင်ကလည်း မုံရွာမြို့ ရဲတိုင်းရုံး၏ တောင်ဘက်ရှိ တနယ်ပေါက်တောရပ်ကွက်တွင် စစ်ကောင်စီထောက်တိုင် သတင်းပေးထောက်လှမ်းရေးတာဝန်ယူထားသူ အသက် ၃၀ ဝန်းကျင်ရှိ မြင့်ဆွေဆိုသူအား
ဓါးဖြင့်ငါးချက်ထိုးကာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း Special Regional Attacks Forces- MWA နှင့် Monywa Eagles အဖွဲ့မှ ဝင်ရောက်ကူညီလက်တွဲဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

မုံရွာမြို့တွင် နိုဝင်ဘာ၁၆ရက်နေ့ကလည်း စျေးလာဝယ်သည့် ဒုအရာခံဗိုလ်မှုးတစ်ဦးနှင့် ထောက်လှမ်းရေးတစ်ဦး အသတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။