Connect with us

Hi, what are you looking for?

News

ဆေးတပ်ဖွဲ့ဝင်များပြန်လွတ်​မြောက်ရန် စစ်ကောင်စီတပ်ကို ကလေးPDF ဆက်လက်တိုက်ခိုက်၊ စစ်ကူယာဉ်တန်းကို မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေ

တစ်ချိန်တည်းတွင် ကလေးမြို့ဘက်မှ စစ်ကူတက်လာသော စစ်ကောင်စီယာဉ်တန်းသည် ချင်းဆိုင်ရွာအနီး ရပ်တန့်၍ စစ်ကြောင်းလျှောက်တက်လာရာတွင် ကလေး PDFတပ်ဖွဲ့ဝင်များက အသင့်တပ်ဆင့်ထားသော မိုင်း ၃လုံးကို ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၁၅ဦးခန့် ထိမှန်သေဆုံးခဲ့ဟု ထုတ်ပြန်သည်။

ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီးများကို ဖမ်းဆီးသွားသည့်စစ်ကောင်စီတပ်ကိုယနေ့တွင်လည်းဆက်လက် တိုက်ခိုက်​နေကြောင်း ကလေး PDFက ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ၁၆ ရက်က ကလေးမြို့နယ် အနောက်တောင်ကြော တစ်နေရာ ကလေး PDF တပ်ရင်း (၃) တပ်ခွဲစခန်းကို သိမ်းပိုက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ နံနက် လင်းအားကြီးချိန်မှစ၍ လမ်းကြောင်း တစ်လျှောက် လက်နက်ကြီးများ တရစပ်ပစ်ခတ်၍ နဂါးပွက်ရွာသို့ ပြောင်းရွှေ့လာ ကြောင်း၊ ၎င်းတို့နှင့်အတူ ကလေး PDF တပ်ရင်း(၃) ဆေးတပ်ဖွဲ့မှ ဖမ်းဆီးခံ တပ်ဖွဲ့ဝင်များကိုလည်း ခေါ်ဆောင်လာ ကြောင်းသိရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကလေး PDF တပ်ဖွဲ့ဝင်များအနေဖြင့် ယနေ့ နံနက် ၁၀နာရီခွဲခန့်တွင် နဂါးပွက်ရွာအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲဖြစ်ရာနေရာသို့ ကလေးနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်များက လက်နက်ကြီး ပစ်ကူပေးလျက်ရှိကြောင်းပါရှိသည်။

တစ်ချိန်တည်းတွင် ကလေးမြို့ဘက်မှ စစ်ကူတက်လာသော စစ်ကောင်စီယာဉ်တန်းသည် ချင်းဆိုင်ရွာအနီး ရပ်တန့်၍ စစ်ကြောင်းလျှောက်တက်လာရာတွင် ကလေး PDFတပ်ဖွဲ့ဝင်များက အသင့်တပ်ဆင့်ထားသော မိုင်း ၃လုံးကို ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၁၅ဦးခန့် ထိမှန်သေဆုံးခဲ့ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နေ့လည်ပိုင်းတွင် အဆိုပါအကြမ်းဖက် စစ်ကောင်စီတပ်များက ချင်းဆိုင်ရွာအတွင်း ဝင်ရောက်၍ နေအိမ်များကို မီးရှို့လျက်ရှိကြောင်းလည်းဖော်ပြထားသည်။

ကလေး PDF တပ်ရင်း(၃) တပ်စခန်းတစ်ခုဝင်စီးခံရစဉ်
မလွတ်မြောက်ဘဲ ကျန်နေသူ အမျိုးသား ၂ဦး၊ အမျိုးသမီး၁၀ဦး စုစုပေါင်း ၁၂ဦး ရှိပြီး ယမန်နေ့က ဆိုရှယ်မီဒီယာတွင် ထွက်ပေါ်လာသော ဓာတ်ပုံများတွင် ပါဝင်မလာသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၂ဦး ၏ အခြေအနေကို မသိရသေးကြောင်း ကလေး PDF က ထုတ်ပြန်သည်။

ဖမ်းဆီးခံထားရ​သော ​ဆေးတပ်ဖွဲ့ဝင်များကို ကယ်ထုတ်နိုင်ရန်အတွက် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကစစ်​ကေူင်စီတပ်ကို လမ်း​ကြောင်းများပိတ်ဆို့၍ တိုက်ခိုက်​နေရာတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ၍ ပြည်သူများအနေဖြင့် လုံခြု့ရေးသတိရှိစွာဖြင့် နေထိုင်ကြစေလိုပြီး ယခုရက်ပိုင်းအတွင်း ကလေး – ဂန့်ဂေါ လမ်းပိုင်းတွင် သွားလာခြင်း လုံး၀မပြုလုပ်ကြရန်လည်း မေတ္တာ ရပ်ခံထားသည်။

“အခုစစ်ရေးအခြေအနေအရ ကလေးတပ်နယ်ကို ဂန့်ဂေါဘက်က စစ်ရေးလာဖြည့်တင်းမှာကို တားဆီးဖို့လုပ်နေကြတယ်။ အခုတော့ ကလေး-ဂန့်ဂေါလမ်းကို ပိတ်ထားတယ်။ ဒါကြောင့် အများပြည်သူတွေ မသွားလာကြဖို့ မေတ္တာရပ်ထားကြတယ်”ဟု ဒေသခံတစ်ဦးက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။