Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် PDFများအဖမ်းခံရမှု စစ်​ကောင်စီထုတ်ပြန် သ​လောက်မများဟုမြို့ပြ​ပျောက်ကျားအဖွဲ့အချို့​ပြော

ဖမ်းမိခဲ့သူများသည် ဗားဂရာမီးပွိုင့်ရှိ စစ်ကောင်စီလုံခြုံရေးအဖွဲ့ဝင်ပစ်ခတ်မှု နှင့် ထန်းတပင် ပစ်ခတ်မှုများအပြင် သန်လျင်တံတား၊ မြောက်ဥက္ကလာတံတား ပစ်ခတ်မှုများတွင် ပါဝင်သူများဟု စစ်ကောင်စီ​မီဒီယာများကဝါဒဖြန့်သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၉ ခုမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၃ ဦးနှင့် ထောက်ပံ့ ကူညီသူ ၈ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကထုတ်ပြန်​​သော်လည်း ရန်ကုန်မြို့ပြ​ပျောက်ကျားအဖွဲ့အချို့က အဖမ်းခံရသူ ၃၀ ဝန်ကျင်သာဖြစ်​ကြောင်း​ပြောသည်။

ဒဂုံမြို့သစ် (အရှေ့၊ တောင်၊ မြောက်၊ ဆိပ်ကမ်း) နယ်မြေမှ ၅ ဦး၊ (တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်) မြို့နယ် မှ ၉ ဦး၊ (လှိုင်၊ လှည်းတန်း၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်)မြို့နယ်မှ ၁၄ ဦး၊ (အလုံ၊ ပုစွန်တောင်၊ လမ်းမတော်၊ ကျောက်တံတား၊ လသာ) မြို့နယ်မှ ၄ ဦး၊ (သာကေတ၊ သန်လျင်၊ ဒေါပုံ) မြို့နယ်တို့မှ ၇ ဦး၊ (တွံတေး၊ ကော့မှူး၊ ကွန်းခြံကုန်း)တို့မှ ၁ ဦး နှင့် (အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်)မြို့နယ်တို့မှ ၃ ဦး ဖြစ်သည်ဟုအာဏာသိမ်းစစ်​ကောင်စီဝါဒဖြန့် မြဝတီနှင့်MRTVသတင်းတို့တွင်နိုဝင်ဘာ ၁၇ ရက်ည​ကြေညာခဲ့သည်။ ၄၃ ဦးအနက် တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၎င်းတို့အားကူညီထောက်ပံ့ပေးသူ ၈ ဦးကိုလည်း ဖမ်းမိသည်ဟု အကြမ်းဖက်စစ်ကောင်စီကဆိုသည်။

ဖမ်းမိခဲ့သူများသည် ဗားဂရာမီးပွိုင့်ရှိ စစ်ကောင်စီလုံခြုံရေးအဖွဲ့ဝင်ပစ်ခတ်မှု နှင့် ထန်းတပင် ပစ်ခတ်မှုများအပြင် သန်လျင်တံတား၊ မြောက်ဥက္ကလာတံတား ပစ်ခတ်မှုများတွင် ပါဝင်သူများဟု စစ်ကောင်စီ​မီဒီယာများကဝါဒဖြန့်သည်။

“ပါသွားတဲ့သူတွေလည်း ပါသွားတယ်။ဒါပေမယ့် သူတို့ထုတ်ပြန်ချက်ထဲပါတဲ့သူအချို့တော့မသိဘူး။ ကျွန်တော်တို့ စာရင်းပြုစုထားသလောက်ဆို ၂၀ ကျော်ပါသွားတယ်”ဟု ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်​မြို့ပြ​ပျောက်ကျားတပ်ဖွဲ့များနှင့်နီးစပ်​သောသတင်းရပ်ကွက်က ယခုရက်ပိုင်းအတွင်းဖမ်းဆီးခံရမှုမှာ (၃၀) ဝန်းကျင်ရှိ​ကြောင်းလည်း​ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အဖမ်းခံရသည့် ၎င်းတို့၏ အဖွဲ့ဝင်အရေအတွက်မှာ၂၀ ခန့် ရှိသည်ဟုတာဝန်ရှိသူတစ်ဦးက​ ပြော​ကြောင်းMyanmar Now သတင်းဌာယနေ့
(နိုဝင်ဘာ ၁၈)တွင်သတင်း​ဖော်ပြထားသည်။ အဖမ်းခံရသူများမှာ နိုဝင်ဘာ ၁၂ မှ ၁၇ အတွင်း ပစ်ခတ်မှုများနှင့် ဆက်စပ်သူများဟု စစ်ကောင်စီက ဆိုသော်လည်း အလုံးစုံ မှန်ကန်ခြင်းမရှိဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောသည်ဟု Myanmar Now တွင်​ဖော်ပြထားသည်။

“အဖမ်းခံခဲ့ရတဲ့သူတွေထဲမှာ တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ပါသလို၊ သာမန်ပြည်သူတွေကို ဖမ်းဆီးပြီး ဇာတ်လမ်းဆင်ထားတာတွေ အများကြီးပါပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်ကMyanmar Now သတင်းဌာနကို​ပြောကြား​ကြောင်းပါရှိသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း မြို့ပြတိုက်ခိုက်ရေး အဖွဲ့များ၏ လှုပ်ရှားရန် နယ်မြေကျဥ်းလာပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် NUG အစိုးရ၏ အသိအမှတ်ပြုထောက်ပံ့မှုများ ယခု ထက်ပိုလိုအပ်နေပြီဟု UG အချို့က ဆိုသည်။

“မြို့ကြီးများတွင်နေထိုင်ရေးအလွန်ခက်ခဲပါသည်။ ထောက်ပံ့မှုများကိုပင်လက်ခံဖို့မရဲဖြစ်ရသလိုအနေအစားဆင်းရဲစွာဖြင့် စစ်အာဏာရှင်၏ ဒေါက်တိုင်များကိုရှင်းလင်းရေးကိုအသက်ဖြင့်ရင်း၍လုပ်ဆောင်နေကြပါသည်။ ကျွန်တော်တို့သည်တော်လှန်ရေး၏ကျရာကဏ္ဏတွင်ဝင်ရောက်ထမ်းဆောင်နေခြင်းဖြစ်သည်။ UG များသည်စစ်သွေးကြွများမဟုတ်ပါ။ ကျွန်တော်တို့ကျရာကဏ္ဍတွင်အသက်ကိုပင်ပဓာနမထားပဲဆောင်ရွက်နေကြပါသည်။ လူကြီးမင်းတို့လည်း သတ္တိရှိရှိဖြင့် တော်လှန်ရေးရဲဘော်များဖြစ်သော UG များကိုရဲရဲဝင့်ဝင့်အသိအမှတ်ပြုစေချင်သည်”ဟု​မြို့ပြ​ပျောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်​သော Little Heros အဖွဲ့က ပြောသည်။

အခက်အခဲများကြားမှ စစ်အာဏာရှင်ဖြုတ်ချ​ရေး အတွက် မြို့ပြ​ပျောက်ကျားအဖွဲ့များက ခုခံ​တော်လှန်မှုကိုကြိုးစားလုပ်​ဆောင်​နေကြပြီး ၎င်းတို့အခက်အခဲကို ပြည်သူများနားလည်ရန်နှင့်ပတ်သပ်၍”ရှောင်ဖို့တိမ်းဖို့ အရင်ထက် ခက်ခဲလာတယ်။ ကျွန်တော်ကတော့ UG တွေ တကယ်လုပ်နေကြောင်း၊ တကယ်ခက်ခဲနေကြောင်း ပြည်သူတွေကို သိစေချင်ပါတယ်”ဟု ​မြို့ပြ​ပျောက်ကျားအဖွဲ့ဝင်တစ်ဦးကလည်း​ပြောသည်။

စက်တင်ဘာ ၇ ရက်မှစ၍ ပြည်သူ့တပ်ဖွဲ့ဝင်များက စစ်ကောင်စီကို တိုက်ခိုက်မှုအရှိန်မြှင့်တင်ခဲ့သည်။ ရန်ကုန် ၊ပဲခူး၊ဧရာဝတီ တိုင်းသုံးခုတွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက စစ်​ကောင်စီပစ်မှတ်များကို အဓိကတိုက်ခိုက်​သောပျံလွှာ​အောင်စစ်ဆင်​ရေးကိုလည်း ယခုလပိုင်းအတွင်း အရှိန်မြှင့်​နေသည်။

ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေ​သောပြည်သူများကိုရက်ရက်စက်စက်ပစ်သတ်ခဲ့ပြီး​နောက် ပြည်သူများက စစ်​ကောင်စီကိုဖြုတ်ချရန် လက်နက်စွဲကိုင်​ခုခံတော်လှန်​နေမှုအပါအဝင် ပုံစံမျိုးစုံဖြင့် စစ်အာဏာရှင်ပြုတ်ကျ​အောင်ကြိုးပမ်း​နေမှုများအ​ပေါ် အာဏာသိမ်းစစ်​ကောင်စီက NLD ပါတီနှင့် ပါတီမှ တာဝန်ရှိသူများ၏မြှောက်​ပေးမှု​ကြောင့် လူငယ်များက အကြမ်းဖက်နေသ​ယောင် ​​လူထု​တော်လှန်​ရေးကို ပုံဖျက်ရန်၊ဝါဒဖြန့်ရန် စစ်​ကောင်စီမီဒီယာများ ၊စစ်​ကောင်စီနှင့် နီးစပ်​သောမီဒီယာများကဝါဒဖြန့်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။