ယနေ့ည ၇ နာရီခွဲခန့်ကစ၍ တစ်နိုင်ငံလုံအနှံ့နေရာအများစုတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နေကြောင်း သိရသည်။
“System Break Down ဖြစ်တာပါ။ကြာချိန်ကိုအတိ အကျ မပြောနိုင်သေးဘူး။ခန့်မှန်း ၂နာရီခန့် ကြာနိုင်တယ်”ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တွင် ယာယီဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရန်အချိန်နှင့် တစ်ပြေးညီကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့ညပိုင်းတွင် အသိပေးထားသည်။
စက်တင်ဘာအတွင်းကလည်း မဟာဓာတ်အားလိုင်းမှ ချို့ယွင်းမှုဖြစ်ပေါ်သောကြောင့် တစ်နိုင်ငံလုံးအနှံ့ နာရီပိုင်းအကြာလျှပ်စစ်ပြတ်တောက်မှုရှိခဲ့သည်။

Public Service Announcement


















































