Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်စိတ်ဓါတ်မကျရန် အညာ​မှတော်လှန်​ရေးအဖွဲ့များအား​ပေး

“အရက်စက်ဆုံး အကောက်ကျစ်ဆုံးရန်သူနဲ့ ရင်ဆိုင်နေကြရတာလေ။ ကျွန်တော်တို့လဲရင်ချက်ချင်းပြန်ထကြမယ်။စိတ်ဓာတ်မကျဘဲ ပိုပြီးအားထည့်ကြမယ်။ပန်းတိုင်ကိိုမရောက်ရောက်အောင် သွားကြမယ်။”ဟု မတ္တရာ PDFက ပြောသည်။

ရန်ကုန်မြေမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် PDFရဲဘော်အချို့ ယခုရက်ပိုင်းဖမ်းဆီးခံခဲ့ရခြင်းအတွက် စိတ်ဓါတ်မကျရန် အညာဒေသမှ PDFများက အားပေးခဲ့ကြသည်။

နွေဦးတော်လှန်ရေး ရဲဘော်များအတွက် တစ်ထောင့်တစ်နေရာမှပါဝင်နေသည့် people of evolving myanmarမှတဆင့် အားပေးခဲ့ကြခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးအစောပိုင်းကာလကတည်းက အကြမ်းဖက်နှိပ်စက်မှုများခံခဲ့ရသည့် ကလေးဒေသမှ PDFများက “ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရတဲ့ ရဲဘော်တွေကိုယ်စား ကျွန်တော်တို့တတွေ အဆပေါင်းများစွာတိုက်ခိုက်ပြီး တော်လှန်ရေးပြီးသည့်တိုင်အောင်သင်တို့နှင့်အတူ ရပ်တည်သွားမည်။”ဟု သတင်းစကား ပါးခဲ့သည်။

အဖမ်းဆီးခံရသည့် ချောင်းဦး PDFလူငယ်လေးများကို”ချောင်းဦး PDFပါခင်ဗျ။ ချောင်းဦး PDFပါခင်ဗျ။”ဟု အော်ခိုင်းကာ နှိပ်စက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့၍ နာကျည်းမှုများဖြင့် ခုခံတော်လှန်နေသော၊ အောင်မြင်သော ခုခံတိုက်ပွဲများဆင်နွှဲနေသော ချောင်းဦး PDFကလည်း “မင်းတို့နဲ့အတူ ငါတို့ရှိနေတယ်။ ငါတို့နဲ့အတူ နေရာအနှံ့အပြားမှာငါတို့ညီအစ်ကိုတွေရှိနေသေးတယ်။ စိတ်ချ အရေးတော်ပုံ မုချအောင်ရမယ်။”ဟု အားပေးသည်။

Public Service Announcement

Public Service Announcement

“အရက်စက်ဆုံး အကောက်ကျစ်ဆုံးရန်သူနဲ့ ရင်ဆိုင်နေကြရတာလေ။ ကျွန်တော်တို့လဲရင်ချက်ချင်းပြန်ထကြမယ်။စိတ်ဓာတ်မကျဘဲ ပိုပြီးအားထည့်ကြမယ်။ပန်းတိုင်ကိိုမရောက်ရောက်အောင် သွားကြမယ်။”ဟု မတ္တရာ PDFက ပြောသည်။

ချင်းတွင်းနယ်မှ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ကလည်း “စိတ်ဓါတ်ကျခြင်းဟာ တဒင်္ဂပဲဖြစ်စေရမယ်။နာကျင်ရမှုတိုင်းဟာ အင်အားဖြစ်စေရမယ်။”ဟု ခွန်အားပေးသည်။

“တွဲခေါင်းက စက်ခေါင်းပါ။ ဒါကြောင့်
လောင်စာဆီဖိုးပဲလိုပါတယ်။”ဟု တောင်သာPDFက လိုအပ်ချက်ကိုပြောရင်း အားပေးသည်။

သပိတ်ကျင်း PDFကတော့ “တစ်ဗိုလ်ကျရင် ဆယ်ဗိုလ်ထပ်ထွက်မယ့် ဒီတော်လှန်ရေးက ငါတို့နိုင်ကိုနိုင်မှာ။”ယုံကြည်မှုရှိစွာ အားပေးစကားပြောသည်။

“ရန်ကုန် PDF တွေ အဖမ်းခံလိုက်ရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ နာကျည်းချက်တွေ၊ ခံပြင်းချက်တွေကို စိတ်ဓါတ်ခွန်အားအဖြစ် ပြောင်းလဲပေးပါ။”ဟု ရွှေဘို PDFက စကားလက်ဆောင်ပေးသည်။

“အမှောင်ဆုံးညတွေကို အတူတူအားတင်းဖြတ်ကျော်ကြမယ်။ရောင်နီမိုးသောက်မယ့်အချိန်လည်း မကြာခင်ရောက်လာတော့မှာပါ။”ဟု အမှောင်ညများစွာဖြတ်သန်းမှုကျင့်သားရနေပြီဖြစ်သည့် ရေဦးမြို့ပြ ပျောက်ကြားအဖွဲ့က ပြောသည်။

တော်လှန်ရေးကာလအစောပိုင်းမှာပင် အကြမ်းဖက်စစ်ကောင်စီအား ဦးဦးဖျားဖျားခုခံတိုက်ခိုက်ခဲ့ကြသည့် မင်းကင်းနယ်မှ PDFများကလည်း “စိတ်ဓါတ်ကျမနေတော့ဘဲ ပြည်သူများအတွက်အားတင်းကာအမှားများကိုသင်ခန်းစာယူပြီး ပိုကောင်းသော Mission များ ဖော်ဆောင်နိုင်ကြစေရန် သတိပြုလုပ်ဆောင်ဖို့ အားပေးသည်။

အချက်အချာမကျသည့် ​နယ်ကလေးတစ်ခုသာဖြစ်သော်လည်း စစ်အာဏာရှင်ကို ကြံ့ကြံ့ခိုင်တွန်းလှန်နေဆဲ၊ ခုခံတော်လှန်နေဆဲ ဆားလင်းကြီးမြို့နယ်က PDFများကတော့ “လွတ်လပ်ပြီးတရားမျှတမှုရှိသော အေးချမ်းတဲ့နိုင်ငံဖြစ်စေဖို့ ကျွန်တော်တို့စိတ်ဓါတ်မြှင့်တင်ပြီး ခိုင်မာနေမှရမယ်။ အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားကြမယ်။”ဟု ခိုင်မာစွာပြောသည်။

မြို့ကလေးနှင့်မမျှ ရက်စက်စွာ အကြမ်းဖက်ခံခဲ့ရသည့် မြောင်မြို့နယ်က PDFအဖွဲ့ကလည်း”ကျွန်တော်တို့ရဲဘော်တွေ ကျဆုံးတာ ဖမ်းဆီးခံရတာတွေ အများကြီးကြုံရတော့ စိတ်ဓါတ်တွေခဏတိုင်းကျဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တော်လှန်ဖို့ အားရှိနေမှရမယ်ဗျ။”ဟု အားပေးသည်။

“နောက်လှည့်ကြည့်စရာမလိုပါဘူး နောက်ကပါပြီးသား။ အောင်နိုင်တဲ့အထိ တိုက်ပွဲဝင်ကြမယ်။”ဟု ပုပ္ပါးတောင်ရိပ်မှ
ကျောက်ပန်းတောင်း PDFက ပြောသည်။

တစ်နယ်လုံးထွက်ပြေးတိမ်းရှောင်ရ၊ ပစ်ခတ်ဖမ်းဆီးခံရ၊ ကြွေမွနေသည့်ဒေသတစ်ခုဖြစ်သော ဒီပဲယင်းမြို့နယ်လေးမှ ဒီပဲယင်း PDFကလည်း “ပြန်လမ်းမရှိ ဆုံးရှုံးမှုတွေသာရှိခဲ့ကြတဲ့ တော်လှန်ရေးသမားတို့မှာ နောက်ဆုတ်စရာမြေလည်းမရှိ၊ဘုရင့်နောင်ဖောင်ဖျက်စိတ်ဓါတ်နဲ့ရှေ့ဆက်တိုးပြီး ရန်သူတို့ကို ချေမှုန်းဖို့သာရှိပါတယ်။”ဟု နောက်မဆုတ်စိတ်ဓါတ်ဖြင့်ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ဆောင်းပါး

ထော်လာဂျီများပေါ်တွင်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊အရေးကြီး အထုပ်အပိုးများဖြင့် ပြည့်နှက်စွာတင်ဆောင်ပြီး မောင်းနှင်နေကြပါသည်။

ဆောင်းပါး

ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကျည်လည်ခဲ့ဖူးတဲ့ မြို့ရန်ကုန်ဟာ ကျနော့်အဖို့ ဒုတိယအိမ်ဆိုလည်း မမှားပေဘူး။ သို့ပေမဲ့ စစ်အုပ်စု အာ ဏာသိမ်းပြီး လပိုင်းအကြာမှာပဲ မြို့ရန်ကုန်​နဲ့ ခွဲခဲ့ရတယ်။