Connect with us

Hi, what are you looking for?

News

လောင်းလုံးမြို့နယ်တွင် ရဲကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ၍ ​ခြောက်ဦး​သေ၊ စခန်းမှူးအပါအဝင် သုံးဦးဒဏ်ရာရဟု LPDF ထုတ်ပြန်

“မနက်က ရဲကားကို မိုင်းဆွဲတိုက်တာ ရဲတွေ အထိနာလို့ စစ်ကားနဲ့ လာပြီး ပစ်ခတ်သွားတာ။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ယနေ့ (နိုဝင် ဘာ၂၁)နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ ​ခြောက်ဦး​သေဆုံးခဲ့​ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့- လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF)က ထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်အောက်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်သား ၁၀ဦးခန့်ပါသည့် စစ်ကားကို LPDFနှင့် အင်းအားစုပျောက်ကျားအဖွဲ့က နံနက် ၈နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုသို့ဖောက်ခွဲအပြီးတွင် အင်အား ၁၀ဦးခန့်ပါဝင်သည့် စစ်ကားတစ်စီးထပ်မံ ရောက်ရှိလာ၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်တွင် ရဲတပ်သား ​ခြောက်ဦးသေဆုံးပြီး စခန်းမှူးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု LPDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် PDFဘက်မှ ရဲ​ဘော်တစ်ဦးကျဆုံးခဲ့သည်ဟု LPDFက ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုများသည် ညင်းမော်ရွာနှင့် ဂေါ့အင်းရွာအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက်က ရဲကားကို မိုင်းဆွဲတိုက်တာ ရဲတွေ အထိနာလို့ စစ်ကားနဲ့ လာပြီး ပစ်ခတ်သွားတာ။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသခံရွာသားများနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လက်ရှိတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းသည့်နေရာကို ရောက်ရှိနေပြီဟု ဆိုသည်။

ထိုအတူ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင်လည်း နိုဝင်ဘာ ၁၈ ရက်ကလည်း စစ်ယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook