Connect with us

Hi, what are you looking for?

LuduNwayOo

News

လောင်းလုံးမြို့နယ်တွင် ရဲကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ၍ ​ခြောက်ဦး​သေ၊ စခန်းမှူးအပါအဝင် သုံးဦးဒဏ်ရာရဟု LPDF ထုတ်ပြန်

“မနက်က ရဲကားကို မိုင်းဆွဲတိုက်တာ ရဲတွေ အထိနာလို့ စစ်ကားနဲ့ လာပြီး ပစ်ခတ်သွားတာ။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် ယနေ့ (နိုဝင် ဘာ၂၁)နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ ​ခြောက်ဦး​သေဆုံးခဲ့​ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့- လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF)က ထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်အောက်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်သား ၁၀ဦးခန့်ပါသည့် စစ်ကားကို LPDFနှင့် အင်းအားစုပျောက်ကျားအဖွဲ့က နံနက် ၈နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထိုသို့ဖောက်ခွဲအပြီးတွင် အင်အား ၁၀ဦးခန့်ပါဝင်သည့် စစ်ကားတစ်စီးထပ်မံ ရောက်ရှိလာ၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်တွင် ရဲတပ်သား ​ခြောက်ဦးသေဆုံးပြီး စခန်းမှူးအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု LPDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် PDFဘက်မှ ရဲ​ဘော်တစ်ဦးကျဆုံးခဲ့သည်ဟု LPDFက ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုများသည် ညင်းမော်ရွာနှင့် ဂေါ့အင်းရွာအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက်က ရဲကားကို မိုင်းဆွဲတိုက်တာ ရဲတွေ အထိနာလို့ စစ်ကားနဲ့ လာပြီး ပစ်ခတ်သွားတာ။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသခံရွာသားများနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လက်ရှိတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းသည့်နေရာကို ရောက်ရှိနေပြီဟု ဆိုသည်။

ထိုအတူ တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင်လည်း နိုဝင်ဘာ ၁၈ ရက်ကလည်း စစ်ယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။