Connect with us

Hi, what are you looking for?

News

ငွေတိုက်စာချုပ်ဝယ်ယူသူတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးထားလို့ ယုံကြည်စွာပူးပေါင်းကြဖို့ NUG တိုက်တွန်း

NUG ရောင်းချမယ့်ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန် အမျိုးအစားလေးမျိုးနဲ့ အတိုးမဲ့ထုတ်ဝေရောင်းချမှာဖြစ်ပြီး သက်တမ်း ၂ နှစ်သတ်မှတ်ထားပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ငွေတိုက်စာချုပ်ဝယ်ယူသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အထူးလုံခြုံတဲ့နည်းပညာနဲ့အာမခံချက်ပေးထားတာကြောင့် ယုံယုံကြည်ကြည်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

NUG ရဲ့ ငွေတိုက်စာချုပ်တွေကို ဒီနေ့(နိုဝင်ဘာ ၂၂ ရက်)မနက် ၉ နာရီစတင်ရောင်းချပေးမှာဖြစ် ပြီး တော်လှန်ရေးအောင်စိတ်နဲ့ အင်တာနက်စာမျက်နှာ(https://www.unitedbonds-nug.org/)ကတဆင့် လေ့လာကြည့်ရှုဝယ်ယူနိုင်မှာဖြစ်တယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှူဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ငွေတိုက်စာချုပ်ဝယ်ယူရာမှာ ဘဏ်ငွေလွှဲစနစ်ကို အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားပြင်ဆင် ပေးထားတာကြောင့် စိတ်ချလုံခြုံစွာ ငွေလွှဲပြောင်းပေးပို့နိုင်ပြီး ဝယ်ယူသူ မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း အမည်/တော်စပ်ပုံ ဖြည့်သွင်းဆောင်ရွက်ခြင်းအားဖြင့် စိတ်ချလုံခြုံမှုကို အပြည့်အဝဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ငွေတိုက်စာချုပ်တွေကို တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက်ဝယ်ယူနိုင်တဲ့အပြင် အစုအဖွဲ့လိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်ယူနိုင်မှာဖြစ်တယ်လို့ NUG က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

NUG ရောင်းချမယ့်ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန် အမျိုးအစားလေးမျိုးနဲ့ အတိုးမဲ့ထုတ်ဝေရောင်းချမှာဖြစ်ပြီး သက်တမ်း ၂ နှစ်သတ်မှတ်ထားပါ တယ်။

လက်ရှိမှာ https://www.unitedbonds-nug.org/ ဟာ ဝင်ရောက်ကြည့်ရှုသူများပြားနေတာ ကြောင့် ဝင်ရောက်ကြည့်ရှုလို့ မရသေးဘဲ အခက်အခဲဖြစ်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။