Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံရာသီဥတုညီလာခံကို NUG ဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်မယ်

နိုဝင်ဘာ ၂၃ မှ ၂၅ ရက်အထိ ကျင်းပမယ့် အာဆီယံရဲ့ ရာသီဥတုဆိုင်ရာညီလာခံကို အွန်လိုင်းက ကျင်းပမှာဖြစ်ပြီး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေနဲ့အတူ NUG ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်မှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ဟာ အာဆီယံရာသီဥတုဆိုင်ရာညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခံ ထားရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၃ မှ ၂၅ ရက်အထိ ကျင်းပမယ့် အာဆီယံရဲ့ ရာသီဥတုဆိုင်ရာညီလာခံကို အွန်လိုင်းက ကျင်းပမှာဖြစ်ပြီး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေနဲ့အတူ NUG ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်မှာဖြစ်ပါတယ်။

“ဒီပွဲမှာတော့ နိုင်ငံတကာခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ်ဆရာများ၊ သုတေသီများ၊ အစိုးရ အရာရှိများ တက်ရောက်မဲ့ ပွဲပါ။ အဖွင့်နေ့မှာတော့ အစိုးရတရပ်ရဲ့ ပေါ်လစီ နဲ့ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ (Policy and Governance Session) များကို နှီးနှောဖလှယ်ဖို့ တခြား အာဆီယံ ဝန်ကြီးတချို့နဲ့ အတူ ကျနော့ကို ဖိတ်ထားပါတယ်” လို့ ဒေါက်တာတူးခေါင်က ပြောပါ တယ်။

ကမ္ဘာကြီးရဲ့ ကျန်းမာရေးဟာ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ စီမံအုပ်ချုပ်မှုပေါ်လစီမှာ အရမ်းကိုမူတည်နေပြီး အဲဒီပေါ်လစီတွေဟာလည်း အာဏာရှင်အစိုးရတွေ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်ဘူးလို့ NUG ဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အာဏာရှင်သာ ဆက်ရှိနေရင် သဘာဝ ပတ်ဝန်းကျင်ဟာ အချိန်တိုအတွင်း ပျက်စီးသွားမှာပါ။ ဒါကို ကုစားနိုင်ဖို့ဆိုရင် နိုင်ငံရေးတည်ငြိမ်မှ ဖြစ်မယ်၊ ဒီမိုကရေစီနိုင်ငံဖြစ်မှ အလုပ်အကိုင်အခွင့် အလမ်းတွေ ပေါလာမှာဖြစ်တယ်။ ဒီတော့ သစ်တော နဲ့ သဘာဝ သယံဇာတအပေါ် အလွန်အကျွံ မှီခိုမှုတွေ လျှော့ကျလာမှာဖြစ်တယ်” လို့ ဒေါက်တာတူးခေါင်က ပြောပါတယ်။

မြန်မာပြည်ဟာ အာဆီယံဒေသတွင်း တခုတည်းသော ရေခဲတောင်ရှိတဲ့ နိုင်ငံဖြစ်ပြီး အာဆီယံရဲ့ အမွေအနှစ် (ASEAN Heritage)လို့ ပြောလို့ ရပါတယ်။

အဲဒီလိုတန်ဖိုးရှိတဲ့ဒေသကို အာဏာရှင်တသိုက်ကြောင့် အဆုံးရှုံးမခံသင့်ကြောင်း အာဆီယံ ရာသီဥတုညီလာခံမှာ သတင်းစကားပါးဖို့ ပြင်ဆင်ထားတယ်လို့ NUG ဝန်ကြီးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။