Connect with us

Hi, what are you looking for?

News

အာဆီယံရာသီဥတုညီလာခံကို NUG ဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်မယ်

နိုဝင်ဘာ ၂၃ မှ ၂၅ ရက်အထိ ကျင်းပမယ့် အာဆီယံရဲ့ ရာသီဥတုဆိုင်ရာညီလာခံကို အွန်လိုင်းက ကျင်းပမှာဖြစ်ပြီး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေနဲ့အတူ NUG ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်မှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ဟာ အာဆီယံရာသီဥတုဆိုင်ရာညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခံ ထားရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၃ မှ ၂၅ ရက်အထိ ကျင်းပမယ့် အာဆီယံရဲ့ ရာသီဥတုဆိုင်ရာညီလာခံကို အွန်လိုင်းက ကျင်းပမှာဖြစ်ပြီး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေနဲ့အတူ NUG ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်မှာဖြစ်ပါတယ်။

“ဒီပွဲမှာတော့ နိုင်ငံတကာခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ်ဆရာများ၊ သုတေသီများ၊ အစိုးရ အရာရှိများ တက်ရောက်မဲ့ ပွဲပါ။ အဖွင့်နေ့မှာတော့ အစိုးရတရပ်ရဲ့ ပေါ်လစီ နဲ့ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ (Policy and Governance Session) များကို နှီးနှောဖလှယ်ဖို့ တခြား အာဆီယံ ဝန်ကြီးတချို့နဲ့ အတူ ကျနော့ကို ဖိတ်ထားပါတယ်” လို့ ဒေါက်တာတူးခေါင်က ပြောပါ တယ်။

ကမ္ဘာကြီးရဲ့ ကျန်းမာရေးဟာ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ စီမံအုပ်ချုပ်မှုပေါ်လစီမှာ အရမ်းကိုမူတည်နေပြီး အဲဒီပေါ်လစီတွေဟာလည်း အာဏာရှင်အစိုးရတွေ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်ဘူးလို့ NUG ဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အာဏာရှင်သာ ဆက်ရှိနေရင် သဘာဝ ပတ်ဝန်းကျင်ဟာ အချိန်တိုအတွင်း ပျက်စီးသွားမှာပါ။ ဒါကို ကုစားနိုင်ဖို့ဆိုရင် နိုင်ငံရေးတည်ငြိမ်မှ ဖြစ်မယ်၊ ဒီမိုကရေစီနိုင်ငံဖြစ်မှ အလုပ်အကိုင်အခွင့် အလမ်းတွေ ပေါလာမှာဖြစ်တယ်။ ဒီတော့ သစ်တော နဲ့ သဘာဝ သယံဇာတအပေါ် အလွန်အကျွံ မှီခိုမှုတွေ လျှော့ကျလာမှာဖြစ်တယ်” လို့ ဒေါက်တာတူးခေါင်က ပြောပါတယ်။

မြန်မာပြည်ဟာ အာဆီယံဒေသတွင်း တခုတည်းသော ရေခဲတောင်ရှိတဲ့ နိုင်ငံဖြစ်ပြီး အာဆီယံရဲ့ အမွေအနှစ် (ASEAN Heritage)လို့ ပြောလို့ ရပါတယ်။

အဲဒီလိုတန်ဖိုးရှိတဲ့ဒေသကို အာဏာရှင်တသိုက်ကြောင့် အဆုံးရှုံးမခံသင့်ကြောင်း အာဆီယံ ရာသီဥတုညီလာခံမှာ သတင်းစကားပါးဖို့ ပြင်ဆင်ထားတယ်လို့ NUG ဝန်ကြီးက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။