Connect with us

Hi, what are you looking for?

News

ရွှေကူဘက်သို့ ​ရေလမ်းဖြင့်သယ်လာ​သော မြန်မာဘီယာ ဖာ ၁၀၀ခန့်ကို ဖျက်ဆီးခဲ့ဟု မြို့လှPDF အသိ​ပေး

“မြန်မာဘီယာဖာ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ဒီနေ့ ညနေ ၄နာရီလောက်က တားဆီးနိုင်ခဲ့တာ”ဟု မြို့လှPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင်ဘက်မှ ရွှေကူ မြို့ဘက်သို ရေကြောင်းလမ်းဖြင့် စက်လှေအပြည့် သယ်ဆောင်လာသော စစ်အုပ်စုပိုင်ထုတ်ကုန် မြန်မာ ဘီယာများကို ယ​နေ့(နိုဝင်ဘာ ၂၂ရက်)တွင် သိမ်းဆည်းရမိပြီး​နောက် ဖျက်ဆီးခဲ့ကြောင်း မြို့လှPDFက ထုတ်ပြန်သည်။

“မြန်မာဘီယာဖာ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ဒီနေ့ ညနေ ၄နာရီလောက်က တားဆီးနိုင်ခဲ့တာ”ဟု မြို့လှPDF မှ ရဲဘော်တစ်ဦးက ပြောသည်။

ယခုဖြစ်စဥ်မတိုင်မီ အောက်တိုဘာအတွင်းကလည်း ကုန်တင်ကားအပြည့် တင်ဆောင်လာသည့် မြန်မာဘီယာဖာများကို ကောလင်း PDFက ဖျက်ဆီးနိုင်ခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အကြမ်းဖက်စစ်​​​ကောင်စီ ထုတ် ထုတ်ကုန်များကို မသုံးစွဲရေးနှင့် ဖျက်ဆီးရေးကို တိုင်းရင်းသားနယ်မြေများတွင်ပါ တွင်ကျယ်စွာဆောင်ရွက်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook