Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်စခန်းကို KNLA ဝင်ပစ်

အဲ့ဒီလို စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၁က သွားရောက်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ဦးဒဏ်ရာရခဲ့ပြီး မော်တော်ယာဉ်ရုံး ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မှာရှိတဲ့ စစ်ကောင်စီ ခလရ(၂၀၇) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီအချန်က ကေအဲန်ယူ သထုံခရိုင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မှာရှိတဲ့ စစ်ကောင်စီခလရ (၂၀၇) တပ်စခန်းကို KNLA တပ်မဟာ ၁ တပ်ရင်း ၃ က သွားရောက်ပစ်ခတ်ခဲ့တာပါ။

အဲ့ဒီလို စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၁က သွားရောက်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ဦးဒဏ်ရာရခဲ့ပြီး မော်တော်ယာဉ်ရုံး ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် မိုးဘောရွာဟောင်းနဲ့ မိုးဘောနတ်စင်ကြားမှာ KNLA တပ်ရင်း ၃ နဲ့ စစ်ကောင်စီ တပ်မ(၂၂) လက်အောက်ခံတပ်တွေအကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ KNLAတပ်မှူး တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

” နိုဝင်ဘာလ ၁၅ ရက်ကဖြစ်တာပေါ့။ စကစဖက်က အင်အား (၁၀၀)ကျော် လောက်ရှိမယ်။ သူတို့က စစ်ရေးအရ နယ်မြေတိုးချဲ့ဖို့နဲ့ CDM တွေကိုလာရှာတာ” လို့ KNLAတပ်မှူး တစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဖက်က ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်ခဲ့တာကြောင့် လူနေအိမ်တစ်လုံးနဲ့ ဈေးဆိုင်တစ်ဆိုင် ပျက်စီးသွားခဲ့ပြီး ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေဟာ ဒေသခံတွေကို ပေါ်တာဆွဲခေါ်တာ၊ ဒေသခံတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကို အဓမ္မယူဆောင်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်ပြုလုပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။