Connect with us

Hi, what are you looking for?

News

ကလေးမြို့တွင် အထိနာနေသည့် အကြမ်းဖက်စစ်တပ် အင်အားထပ်ဖြည့်ပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေ

“မြစ်သာမြစ်တကြောဘက်မှာ တပ်တွေအပြောင်းအရွှေ့လုပ်နေကြတယ်၊ ရဟတ်ယာဉ်တွေနဲ့ ပတ်နေတယ်”ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(က​လေးမြို့ တစ်​​နေရာတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့)

ကလေးမြို့တောင်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းလေးကြောင်းဖြင့် ထိုးစစ်ဆင်ရန် စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံများက​ပြောသည်။

ဒေသခံကာကွယ်ရေးတပ်များကလည်း ကလေးမြို့နယ်အတွင်း မည့်သည့်နေရာတွင်မဆို တိုက်ပွဲများ အချိန်မရွှေးဖြစ်လာနိုင်၍ ပြည်သူများလုံခြုံရေး ဂရုစိုက်ကြရန်၊ ထုတ်ပြန်ချက်များကိုလိုက်နာကြရန် နှင့် စစ်ကောင်စီတပ်များ၏ သတင်းအချက်အလက်များကို ပေးပို့ရန်လည်း မေတ္တာရပ်ခံထားသည်။

ယခုအခါ စသ်​ကောင်စီတပ်သည် ကလေးမြို့နယ်အနှံအင်အားများဖြန့်ကျက်ထားပြီး ထိုးစစ်ဆင်ရန်စစ်ကြောင်းများစီစဉ်နေသည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။ စစ်ကြောင်းတစ်ခုနှင့် အကြမ်းဖက်စစ်သား ၇၀ခန့်ပါဝင်မည်ဟုခန့်မှန်းထားသည်ဟုလည်း သိရသည်။

“မြစ်သာမြစ်တကြောဘက်မှာ တပ်တွေအပြောင်းအရွှေ့လုပ်နေကြတယ်၊ ရဟတ်ယာဉ်တွေနဲ့ ပတ်နေတယ်”ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၁ ရက် မနက် ၁၀နာရီခန့်တွင် က​လေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF(ကလေး)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး​သေဆုံးပြီး၊ PDFတပ်ဖွဲ့ဝင် ၂
ဦးကျဆုံးခဲ့သည်။

“ကလေးမှာ စစ်တပ်က အထိနာနေလို့ ပိုပြီး ဖိမယ့်သဘောရှိတယ်။ ရှက်ရမ်းရမ်းနေတယ်လို့မြင်တယ်။ ဒီဘက် လူငယ်တွေကလည်း ရဲရင့်ပြီး တော်တော်သတ္တိရှိကြတယ်။ သူတို့က ဒီလောက် သတ္တိရှိနေတာ စစ်တပ်က နိုင်အောင်တိုက်နိုင်မှာမဟုတ်ဘူး”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

မျက်မြင်​တွေ့ရှိ​သော​ဒေသခံများ၏ ပြောကြားချက်အရ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်ကို ယနေ့မနက်ပိုင်းကတိုက်လေယာဉ်များ ဆင်းသက်နေသည်ဟု သိရသည်။

ထို့အပြင် ယမန်နေ့က(နိုဝင်ဘာ ၂၁ရက်) ညနေ ၆နာရီခွဲခန့်က ကလေးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကို PDF Zoland နှင့် CDM – Siyin( CDF-KKG တပ်ရင်း ၂) ပူးပေါင်း အဖွဲ့ကတိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မူကြောင့် ယမ်းသိုလှောင်ရုံ တချို့ပေါက်ကွဲပျက်စီးမှုများရှိခဲ့သည်ဟု PDF Zoland
က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ