Connect with us

Hi, what are you looking for?

News

ကြို့ပင်​ကောက်မြို့တွင် ဂိတ်​​စောင့်စစ်သားကို ပြည်သူတစ်ဦးကဂျင်ကလိဖြင့်ပစ်၍အပြင်းအထန်ဒဏ်ရာရ

ပြည်သူ့ခုခံစစ်အတွင်း ထိုကဲ့သို့ သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ခဲ့သော ၎င်းပြည်သူအား မိမိတို့ GBK PDFများအနေဖြင့် အထူးလေးစားဂုဏ်ပြုကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့တွင် ယနေ့ညနေပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူတစ်ဦးက ဂျင်ကလိဖြင့်ပစ်ခတ်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ညနေ ၅း၃၀ နာရီအချိန်က ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိစစ်ဆေးရေးဂိတ်အား လောက်လေးခွတွင် သံချွန်ထည့်ပစ်ရသည့် ဆင်းတစ်(ခ) ဂျင်ကလိဖြင့် ပြ​ည်သူတစ်ဦးက တစ်ကိုယ်တော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ခိုင်လုံစွာသတင်းရရှိခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

ပြည်သူ့ခုခံစစ်အတွင်း ထိုကဲ့သို့ သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ခဲ့သော ၎င်းပြည်သူအား မိမိတို့ GBK PDFများအနေဖြင့် အထူးလေးစားဂုဏ်ပြုကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသွားသောရဲအား လူနာတင်ကားဖြင့် ခေါ်ဆောင်သွားပြီး သေဆုံးနိုင်သည်ဟု ဒေသခံများက
ခန့်မှန်းပြောကြားသည်။

Public Service Announcement

Public Service Announcement

ကြို့ပင်ကောက်မြို့နယ်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၆နာရီနှင့် နံနက် ၈:၃၀နာရီ အချိန်က ရဲကင်းစခန်းအား ဗုံးခွဲတိုက်ခိုက်ခဲ့ရာရဲကင်းစခန်းအပြင် ကိုက် (၃၀၀) ခန့်အကွာတွင်ရှိနေသော ဆရာတော်သံဃာတော်နှစ်ပါးအား ထိခိုက်ခဲ့၍ ကြို့ပင်ကောက် PDFမှ တောင်းပန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook