Connect with us

Hi, what are you looking for?

News

ကလေး PDF တိုက်ခိုက်၍ ၅ဦး​သေဆုံးခဲ့သည့် စစ်ကြောင်းကို CDF-KKG ထပ်တိုက်စစ်ကောင်စီတပ်မှ ၂ ဦးထပ်မံသေဆုံး

CDF-KKG (တပ်ရင်း ၄) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်များကို အနီးကပ် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ ၂ဦး သေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်နေစဉ်အတွင်း ဟံသာဝတီကျေးရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း မှန်တောရွာအနီးတွင် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ခြုံခိုတိုက်ခိုက်ခဲ့၍ ၅ဦးသေဆုံးခဲ့သည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(ကလေး-ကဘော်-ဂန့်ဂေါ၊ CDF-KKG)က ထပ်မံတိုက်ခိုက်ခဲ့၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦး ထပ်မံ သေဆုံးခဲ့ကြောင်း CDF-KKGက ထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ ၂၃ရက်နေ့) နံနက်ပိုင်းတွင် ကလေးနယ်တောင်ပိုင်း ကြံသာကျေးရွာမှ ခြေလျင်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်ကို မှန်တောရွာအထွက်တွင် PDF-Kalay တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ပြီးနောက် နာရီဝက်ခန့်အကြာတွင် CDF-KKG က ထပ်မံ တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။

CDF-KKG (တပ်ရင်း ၄) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်များကို အနီးကပ် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ ၂ဦး သေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်နေစဉ်အတွင်း ဟံသာဝတီကျေးရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

CDF-KKG (တပ်ရင်း ၄) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် မှန်တောရွာတွင် ရပ်နားကာ မွန်းလွဲပိုင်းတွင် ကြံသာရွာမှ စစ်ကားတစ်စီးက လာခေါ်သွား၍ ၁၈ ဦးသာ ပြန်ပါသွားကြောင်း မျက်မြင်သက်သေများက အတည်ပြုခဲ့သည်ဟု CDF-KKG၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook