Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ်တွင် ကိုယ်​ဝန်​ဆောင်သည်အပါအဝင်မိသားစုဝင်ငါးဦးအသတ်ခံရ၊ ကျပ်သိန်း၁၀၀ပါလုယက်သွား

“တခြားအိမ်သွားအိပ်နေတဲ့ အမျိုးသားတစ်ယောက်ပဲ လွတ်သွားတယ်။ ငွေသိန်းတစ်ရာလောက်လည်းပါသွားတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

-လူသတ်မှုအ​ပေါ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့များကပြင်းထန်စွာရှုတ်ချ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦး အသတ်ခံရပြီး ကျပ်သိန်း၁၀၀ ​ကျော်ပါယူ​ဆောင်သွားကြောင်းဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် (၃)နာရီခန့်အချိန်က ဒီပဲယင်းမြို့နယ်၊ သာယာအေးရွာတွင်နေထိုင်သော နေအိမ်တွင်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦး အသတ်ခံခဲရသည်။သေဆုံးသူအမျိုးသမီးလေးဦးတွင် ကိုယ်ဝန် (၉ )လခန့်ရှိနေပြီဖြစ်သည့်အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ရွှေ၊ငွေ၊ လက်ပ်တော့နှင့် အခြားပစ္စည်းများကိုလည်း သတ်ဖြတ်သူများက ယူဆောင်သွားကြောင်းဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“တခြားအိမ်သွားအိပ်နေတဲ့ အမျိုးသားတစ်ယောက်ပဲ လွတ်သွားတယ်။ ငွေသိန်းတစ်ရာလောက်လည်းပါသွားတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်အာဏာရှင်ကိုခုခံတော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အသီးသီးမှ ကန့်ကွက်ရှုံ့ချကြသည်။

ဒီပဲယင်းမြို့နယ်တွင် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း မိသားစုလိုက်သတ်ဖြတ်ခံရမှု ၄ ကြိမ်အထိ ရှိခဲ့ပြီး ညောင်လှ၊ ဆင်ဝပ်ကုန်း၊ မန်ကျည်းစောက်၊ စိုင်ပြင် အစရှိသည့်ကျေးရွာများမှ လင်မယား၄တွဲ၊ စုစုပေါင်း ကျားမ ၈ဦး သေဆုံးခဲ့ကြောင်း၊ ဖက်ဆစ်တော်လှန်ရေးကာလ ပစ္စည်းလုယတ်သတ်ဖြတ်ခြင်းများ၊ လူမှုရေးရန်ငြိုးများ၊ ဥပဒေမဲ့စွာ ငါတရားငါစီရင်မှုများကို ဖော်ထုတ်အရေးယူနိုင်ရေး၊တားဆီးနိုင်ရေး၊ တာဝန်ရှိအဖွဲ့အသီးသီးမှ ဆွေးနွေးအဖြေရှာဖို့လိုအပ်နေပြီး မြို့နယ်အတွင်း အခြားအခြား သတ်ဖြတ်ခံရမှုပေါင်းများစွာကိုလည်း ပြုလုပ်သည့်အဖွဲ့အစည်းများ/ပုဂ္ဂိုလ်များ တာဝန်ခံသင့်ကြောင်း၊ လူမဆန်သော လုပ်ရပ်များ ဖြစ်ပေါ်မှုများအပေါ် အပြင်းအထန်ရှုံ့ချပါကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်သည်။

ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေပြီး အခြားသောဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လည်းကြေညာသည်။

စစ်အာဏာရှင်ကိုခုခံတော်လှန်နေသောဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်ကလည်းကျွန်ုပ်တို့သည် အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်ရန်နှင့် တရားမျှတမှုအား တရားမျှတသောနည်းလမ်းဖြင့် ပြန်လည်ရယူရန် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြစ်သည့်အလျောက် လုယက်ခြင်း၊ ဓါးပြတိုက်ခြင်း၊ အနိုင်ကျင့်သတ်ဖြတ်ခြင်းများ အပါအဝင် မည်သည့် လူမဆန်သော အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆို အပြင်းအထန် ကန့်ကွက်ရှုံ့ချသွားမည်ဖြစ်ကြောင်းလည်း အသိပေး​​ကြေညာသည်။

ဒီပဲယင်း PDFတပ်ရင်း(၂)လက်အောက်ခံ Bo Zaya Squard အဖွဲ့ကလည်း ကိုယ်ဝန်သည် အမျိုးသမီးနှင့်ကလေးပါမချန် ပစ်ခတ်သတ်ဖြတ်သွားပြီး အိမ်တွမ်းပစ္စည်း ရွှေငွေပါမကျန် လုယူသွားသော ထိုလုပ်ရပ်အား မိမိတို့ ဗိုလ်ဇေယျ squad အနေဖြင့် အကြမ်းဖက် လူသတ်ဓါးမြတိုက် မှု့အဖြစ် သတ်မှတ်ကြောင်း၊ တိုင်းပြည်၏ မတည်မငြိမ်သောအခြေအနေကို အခွင့်ကောင်းယူကာ လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းတွင် လက်ခံနိုင်ဖွယ်မရှိသော ထိုအကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်သွားသော ပုဂ္ဂိုလ်များအား အကြမ်းဖက်လုပ်ရပ် အဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။