Connect with us

Hi, what are you looking for?

News

ဒဂုံတောင်/မြောက်လမ်းဆုံးအနီးရဲစခန်းအား အမည်မသိအဖွဲ့တစ်ခုက ပစ်ခတ်

“ဖြစ်တာတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က ဖြစ်သွားတာ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ ကားပေါ်ကနေ လှမ်းပစ်သွားတယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ဒဂုံတောင်/မြောက်လမ်းဆုံးအနီးရှိရဲစခန်းအား ယနေ့(နိုဝင်ဘာ ၂၅)မွန်းလွဲပိုင်းတွင် အမည်မသိအဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်မှုအချို့လည်းရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။မည်သသည့်အဖွဲ့ကပစ်ခတ်တိုက်ခိုက်သည်ကိုလည်းမသိ့ရှိရ​​သေးပါ။

“ဖြစ်တာတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က ဖြစ်သွားတာ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ ကားပေါ်ကနေ လှမ်းပစ်သွားတယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးနှင့် အမှတ်(၂)လမ်းမကြီးတို့ရှိ အချက်အခြာကျသည့်နေရာများတွင် စစ်ကောင်စီတပ်များ ခြေရှုပ်နေကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နှင့် ၂၄ ရက်နေ့များတွင်လည်း တောင်/မြောက်လမ်းဆုံး ရဲစခန်းအနီးနှင့် အခြားနေရာတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook