Connect with us

Hi, what are you looking for?

News

မြို့နယ်အတွင်းတည်ဆောက်ရေးလုပ်ငန်းများ မလုပ်ရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ ထုတ်ပြန်

မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ ခွင့်ပြုထားသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကုမ္ပဏီအချို့မှ လုပ်ကိုင်ရန် စီစဉ်ထားသည်ကို သိရကြောင်းဖော်ပြထားသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ မပြုလုပ်ရန်နှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ ရပ်နားထားရန် သတိပေးကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(နိုဝင်ဘာ၂၅ရက်) သတင်းထုတ်ပြန် သည်။

မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ ခွင့်ပြုထားသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကုမ္ပဏီအချို့မှ လုပ်ကိုင်ရန် စီစဉ်ထားသည်ကို သိရကြောင်းဖော်ပြထားသည်။

လက်ရှိကာလသည် ပြည်သူအားလုံးက မတရားစစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် ၀ိုင်းဝန်းတော်လှန်နေချိန်ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့နယ်အတွင်း ခွင့်ပြုထားသည့် တည်ဆောက်ရေးလုပ်ငန်းများကို ခွင့်ပြုလျှင် လုံခြုံရေးပြဿနာများနှင့် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တည်ဆောက်ရေးလုပ်ငန်းများအားလုံးကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရန်နှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများ ရပ်နားပြီးဆက်လက် ဆောင်ရွက်ခြင်းမပြုရန် သတိပေးကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်(ပအဖ)က ယနေ့(မေလ ၁၅ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

သတင်း

လေကြောင်းတိုက်ခိုက်ခြင်း စစ်လက်နက်ခဲယမ်းဖြည့်တင်းခြင်းများရှိသော်လည်း မင်းတပ် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုသတင်းများ မကြားရသေးပေ။

သတင်း

မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့ရာ ကင်းလှည့်လာသည့် ယာဉ်တိုက်ခိုက်ခံရ၍ စစ်သား၊ရဲများ သေဆုံးမှုရှိသည့်အပြင် ဒဏ်ရာပြင်းထန်သည့် ရဲ လေးဦး မင်းတပ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်၏တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်များ၊ ဘာသာရေးအဆောက်အဦး ၊ စာသင်ကျောင်းများ ပျက်စီးခဲ့ရကြောင်းအသိပေးထားသည်။